DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်နှင့်မယ်ဟောင်ဆောင် ညီအစ်မမြို့တော်သတ်မှတ်မည်
DVB
·
March 7, 2017
လွိုင်ကော်နှင့်မယ်ဟောင်ဆောင် ညီအစ်မမြို့တော်သတ်မှတ်မည်
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့  ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပြီး နှစ်နိုင်ငံပြည်သူတွေ နယ်စပ်ပေါက်ကနေဆင့် ခရီးသွားလာနိုင်ဖို့ လာမယ့် မတ်လ ၉ ရက်နေ့မှာ နှစ်နိုင်ငံလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ လက်မှတ်ရေးထိုးမှာဖြစ်ပြီး လက်မှတ်ရေး ထိုးချိန်ကစပြီး  နှစ်နိုင်ငံပြည်သူတွေအနေနဲ့ ၆ ညအိမ် ၇ ရက်ခရီးအနေနဲ့ အပြန်အလှန် လည်ပတ်နိုင် မှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့ရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးသက်လွင်ထွန်းက ပြောပါတယ်။

“ကျနော်တို့ အခုလက်ရှိကတော့ နှစ်နိုင်ငံ ၆ ညအိပ် ၇ ရက်ကို ကျနော်တို့ကလည်း မယ်ဟောင်ဆောင်အထိ ဟိုဘက်ကအဖွဲ့တွေကလည်း လွိုင်ကော်အထိ အဲဒီအထိကိုပဲ အပြန်အလှန်သွားဖို့ ညှိနှိုင်း ရသေးတယ်ဗျာ။”

နှစ်နိုင်ငံ ဖြတ်သန်းသွားလာမှုကို နယ်စပ်ဂိတ် BP (၁၃) ကနေ သွားလာနိုင်မှာဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအရ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာဘက်ခြမ်း မယ်စဲမြို့မှာ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထားပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းနဲ့    ပြည်ထဲရေးဌာနက ကန့်သတ်ထားနေရာတချို့ကိုတော့ သွားရောက်ခွင့်ရမှာ မဟုတ်ဘူးလို့လည်းဦးသက်လွင်ထွန်းက ပြောပါတယ်။

ကယားပြည်နယ်လွိုင်ကော်မြို့ကနေ BP 13 ဂိတ်အထိ ကားနဲ့ ၅ နာရီသွားရပြီး BP 13 ကနေ မယ်ဟောင်ဆောင်မြို့အထိ ဆိုရင် ၄ နာရီလောက်ကြာမြင့်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013