DVB Logo
Home
မြန်မာသတင်း
Father & Son ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ၅၀ ကျော် ရောင်းချခဲ့ရ (ဓာတ်ပုံ)
DVB
·
March 7, 2017
Donate to DVB

ရန်ကုန်မြို့ ၃၅ လမ်း အလယ်ဘလောက်ရှိ River Ayeyarwaddy ပန်းချီပြခန်းမှာ ပြုလုပ်တဲ့ Father & Son ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေ ရောင်းချခဲ့ရပါတယ်။

ပန်းချီဆရာ ထင်လင်းနိုင်နဲ့ သားဖြစ်သူ ဟန်လင်းအောင်တို့ရဲ့ Father & Son ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားပေါင်း ၅၀ ကျော် ရောင်းခဲ့ရတာပါ။

ရောင်းချရတဲ့ ပန်းချီကား အများစုဟာ ၁၄ လက်မ x ၁၈ လက်မအရွယ် ပန်းချီကားတွေဖြစ်ပြီး တချပ်ကို ကျပ် ၅ သောင်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ပြပွဲမှာ သားအဖနှစ်ယောက်ရဲ့ ရှုခင်းပုံ၊ တိုင်းရင်းသားပုံတူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားပေါင်း ၉၀ ကျော် ပြသခဲ့ပါတယ်။

ဖခင် ထင်လင်းနိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေဟာ လက်ရာမြောက်သလို သားဖြစ်သူ ဟန်လင်းအောင်ရဲ့ ပန်းချီကားတွေကလည်း ရသမြောက်တယ်လို့ ပြပွဲလာသူတွေက မှတ်ချက်ပြုထားပါတယ်။

အဲဒီပန်းချီပြပွဲကို မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။

သတင်း - သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013