DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တိုက်ခိုက်မှုစွန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့လာရန် ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေါ်
DVB
·
March 7, 2017
လက်နက်ကိုင်တိုက်ခိုက်မှုစွန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့လာရန် ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေါ်
Donate to DVB

လက်နက်ကိုင်တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရန် ဒေါ်အောင်ဆန်းစုကြည်က လောက်ကိုင်မှာ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ခေါ်ကမ်းလှမ်း လိုက်ပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းလိုက်တာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀မ်းမြောက်ဖွယ်ရာ တိုးတက်မှု ရှိလာခဲ့ပြီး ပိုမိုကျယ်ပြန်စွာ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေချိန်မှာ NMDAA အဖွဲ့က လောက်ကိုင်မြို့ပတ်ဝန်းကျင်နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင် အပြစ်မဲ့ပြည်သူတွေ ထိခိုက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် အားလုံးအတွက် အကျိုးမဲ့အချည်းအနှီးဖြစ်စေရုံသာမက တိုက်ခိုက်မှုဖြစ်ပွားရာဒေသရှိ ဌာန မျိုးနွယ်စုတွေ ဒေသခံတိုင်းရင်းသားတွေကို တိုက်ရိုက်ဆိုးကျိုးသက်ရောက် ဒုက္ခပင်လယ်ဝေစေတာကြောင့် လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းကို ဦးတည်ဖို့နဲ့ ငြိမ်းချမ်းရေး ခရီးကို တန်းတူရည်တူ အတူလျှောက်လှမ်းဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ထားပါတယ်။

MNDAA၊ TNLA နဲ့ AA တပ်ဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တဲ့ကြေညာချက် ထုတ်ပြန်ပါက NCA မှာ လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမယ်လို့ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်အနေနဲ့ ကမ်းလှမ်းထားတဲ့အကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013