DVB Logo
Home
မြန်မာသတင်း
ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ထက် ဆန်တန်ချိန် ၂ သိန်းဝန်းကျင် လျော့ကျ
DVB
·
March 7, 2017
ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ထက် ဆန်တန်ချိန် ၂ သိန်းဝန်းကျင် လျော့ကျ
Donate to DVB

အခုဘဏ္ဍာနှစ်မှာ ပြည်ပဆန်တင်ပို့မှု မနှစ်ကထက် ဆန်တန်ချိန် ၂ သိန်းဝန်းကျင် လျော့ကျသွားပါတယ်။

အခုဘဏ္ဍာနှစ်မှာ တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံ ဈေးကွက်တွေကို ဆန်တင်ပို့မှု လျော့ကျသွားတဲ့ အတွက် မနှစ်က ပြည်ပဆန်တင်ပို့မှုထက် ဆန်တန်ချိန်၂ သိန်းဝန်းကျင် လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီး များအသင်းက သတင်းရရှိ ပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မတ်လအတွင်းက ဆန်တန်ချိန် ၁.၃ သန်းကျော် တင်ပို့ထားနိုင်ခဲ့ပြီး အခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်မှာတော့ ပြည်ပကို ဆန်တန်ချိန် ၁ သန်းကျော်သာ တင်ပို့ထားနိုင်သေးတယ် လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများ အတွင်းရေးမှူး ဦးအောင်မြင့် ကပြောပါတယ်။

ဦးအောင်မြင့် က “မနှစ်က ဒီလိုအချိန်ဆို တန်ချိန် ၁. ၃ သန်းလောက် ပို့ပြီးပြီး ဒီနှစ်ကတော့ တန်ချိန် ၁ သန်းကျော်လောက်ပဲ ပို့နိုင်သေးတယ်။ မနှစ်ကထက်စာရင် တန်ချိန် တစ်သိန်းခွဲ နှစ်သိန်းလောက် လျော့ကျ သွားပါတယ်။ ” ဟုပြောသည်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဥရောပနဲ့ အီးယူနိုင်ငံတွေကို ပင်လယ်ရေကြောင်းကတစ်ဆင့် တင်ပို့နေတဲ့ ဆန်ဈေး ကွက်မှာ ၂၅ မှတ်တန်ဆန်ကြမ်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာဈေးနှုန်း ရရှိခဲ့ပေမယ့် အခုနှစ်မှာ ၂၅ မှတ်တန်ဆန်ကြမ်း တစ်တန်ကို အမေရိကန် ဒေါ်လာ၂၈၀ ကနေ ဒေါ်လာ ၃၀၀ ကြားလောက် သာ ဈေးရရှိတော့တယ်လို့လည်း ဆိုပါတယ်။

ဦးအောင်မြင့် က” မနှစ်က ရေကြီး၊ ရေလျှံမှုတွေဖြစ်တော့ နှစ်ကုန်ပိုင်းမှာ ဆန်ဈေးတွေ တက်တယ်။ နောက် သစ်ပေါ်လာတဲ့ အချိန်မှာ ဆန်ဈေးတွေက အမြင့်မှာ ရှိတယ်။ အဲ့ဒီနှစ်ဈေးတွေက ဒါစံချိန်တင် ဈေးတွေပေါ့။ ဒီ နှစ်ကတော့ ၂၈၀၊ ၂၉၀ လောက်ပဲ ရတယ် ဒါပေမယ့် ငွေဈေးက အများကြီး တက်ပါတယ် ၂၀ ရာခိုင် နှုန်းလောက် တက်တယ်။ ” ဟု ပြောသည်။

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ (၁ ဒသမ ၂) သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် (၁ ဒသမ ၈) သန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် (၁ ဒသမ ၄) သန်းခန့် တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013