DVB Logo
Home
မြန်မာသတင်း
လယ်သမားများ ချေးယူထားသည့် စိုက်စရိတ်ချေးငွေထဲမှ လေးပုံတပုံသာ ပြန်ဆပ်နိုင်
DVB
·
March 7, 2017
လယ်သမားများ ချေးယူထားသည့် စိုက်စရိတ်ချေးငွေထဲမှ လေးပုံတပုံသာ ပြန်ဆပ်နိုင်
Donate to DVB

လယ်သမားတွေကို ထုတ်ချေးပေးထားတဲ့ စိုက်စရိတ်ချေးငွေတွေထဲက လေးပုံတစ်ပုံသာ ပြန်ဆပ်နိုင်သေးတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနက သတင်းရရှိပါတယ်။

အခုဘဏ္ဍာနှစ်မှာ လယ်သမားတွေကို မိုးရာသီ စိုက်စရိတ်ချေးငွေအနေနဲ့ ကျပ် ဘီလီယံ ၁,၄၀၀ ကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးခဲ့ပြီး ဘီလီယံ သုံးရာကျော်သာ ပြန်ဆပ်သေးတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

၂၀၁၆ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေ အတွင်းက အချိန်အခါမဲ့ မိုးရွာသွန်းမှုတွေကြောင့် လယ်ယာမြေ နစ်မြုပ်ခြင်း ရိတ်သိမ်းပြီးတဲ့ စပါးတွေအစိုပြန် အညှောင့်ပေါက်လာတဲ့ ပြဿနာတွေကို လယ်သမားတွေရင် ဆိုင်ခဲ့ရတဲ့အပြင် စပါးဈေးကလည်း အဆမတန်ကျဆင်း ခဲ့ပါတယ်။

နှစ်စဉ် မိုးစပါးပေါ်ချိန်မှာ စပါးတင်း တစ်ရာကို ကျပ် လေးသိန်ကနေ ခြောက်သိန်းအတွင်း ပေါက်ဈေးရှိ ခဲ့ပေမယ့် မနှစ်က မိုးစပါးပေါ်ချိန်မှာတော့ စပါးတင်း တစ်ရာကို ကျပ် သုံးသိန်းခွဲ ၀န်းကျင်သာ ဈေးနှုန်းရှိခဲ့ ပါတယ်။
သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013