DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ခြေကုပ်စခန်း ပွိုင့် ၂၁၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိဟု တပ်မတော်ကြေညာ
DVB
·
March 7, 2017
ကိုးကန့်ခြေကုပ်စခန်း ပွိုင့် ၂၁၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိဟု တပ်မတော်ကြေညာ
1 / 6
Donate to DVB

 

ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA အခိုင်အမာတပ်စွဲထားတဲ့   ပွိုင့် ၂၁၄၅ တောင်ကုန်းကို တပ်မတော်စစ်ကြောင်းတွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြောတလျှောက် အခိုင်အမာတပ်စွဲနေတဲ့ MNDAA တပ်ဖွဲ့တွေကို တပ်မတော်စစ်ကြောင်းတွေက ၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်က စတင်ပြီး  အဆင့်ဆင့်ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာမှာ  ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၆ ရက်နေ့ မနက် ၂ နာရီခန့်မှာတော့  MNDAA အဖွဲ့က လောက်ကိုင်ဒေသအား တစ်ကြော့ပြန်အဖြစ် စုစုပေါင်း ၇ နေရာအား တစ်ချိန်တည်း တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပေမယ့် တပ်မတော် စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့တွင်း ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ရေး အကြံအစည်မှာ လည်း ရပ်တန့်ခဲ့တယ်လို့  သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တချိန်ထဲတပြိုင်ထဲမှာလိုပဲ  ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ်ထားတဲ့ တပ်မတော်စစ်ကြောင်းတွေက အမြောက်၊ သံချပ်ကာနဲ့ ခြေလျင်လက်နက်ကြီး ပစ်ကူတွေရယူပြီး အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာမှာ  ပွိုင့် ၂၁၄၅ တောင်ကုန်းအား မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်မှာ သိမ်းပိုက်ရရှိခဲ့ပြီး  မွန်းလွဲ ၂ နာရီခွဲခန့်မှာ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၅)နေရာ၊ ညနေ ၄နာရီလောက်မှာ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၃)နေရာကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၆ ရက်နေ့ လောက်ကိုင်ဒေသတိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့ထံက  မီးလောင်ထားတဲ့ အလောင်း ၂၀ လောင်း၊ RPG ၂ လက်အပါအ၀င် လက်နက်မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး  ပွိုင့်-၂၁၄၅ တောင်ကြောတိုက်ပွဲမှာ  MNDAA အလောင်း ၆ လောင်း၊ လက်နက်ကြီး/ လက်နက်ငယ် ၆ လက် ရရှိခဲ့ပြီး တပ်မတော်   အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013