DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ထူးခြားဆန်းကြယ် ခန္ဓာကိုယ်ပြုပြင်ဆင်ယင်မှု ဓာတ်ပုံများတွင် ကယန်းအမျိုးသမီးဓာတ်ပုံများ ပါဝင် (ဓာတ်ပုံ)
DVB
·
March 7, 2017
ကမ္ဘာ့ထူးခြားဆန်းကြယ် ခန္ဓာကိုယ်ပြုပြင်ဆင်ယင်မှု ဓာတ်ပုံများတွင် ကယန်းအမျိုးသမီးဓာတ်ပုံများ ပါဝင် (ဓာတ်ပုံ)
1 / 5
Donate to DVB

ကမ္ဘာတလွှားမှ ထူးခြားဆန်းကြယ်တဲ့ ခန္ဓာကိုယ်ပြုပြင်ဆင်ယင်မှုတွေကို ဖော်ညွှန်းတဲ့ ဓာတ်ပုံတွေစာရင်းမှာ မြန်မာနိုင်ငံမှ ကယန်းအမျိုးသမီးတွေရဲ့ ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီပုံတွေကို ဒေးလီးမေးလ် ခရီးသွားကဏ္ဍမှ ရွေးချယ်ဖော်ပြထားတာဖြစ်ပြီး ကမ္ဘာတလွှားမှ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေအရ ခန္ဓာကိုယ်ပေါ်မှာ ပြုပြင်ဆင်ယင်ထားမှုတွေအပေါ် ရွေးချယ်ဖော်ပြတာ ဖြစ်ပါတယ်။

ပုံထဲမှာတော့ ကယန်းအမျိုးသမီးတွေဟာ အသက် ၅ နှစ်အရွယ်ကစပြီး ကြေးကွင်းတွေကို လည်ပင်းမှာ စတင်ဝတ်ဆင်ရတဲ့ အလေ့အထကို ရည်ညွှန်းဖော်ပြထားတာ တွေ့ရပါတယ်။

တခြားပုံတွေထဲမှာတော့ အီသီယိုးပီးယားနိုင်ငံ၊ အိုမိုတောင်ကြားမှ အာဖရိကန် အမျိုးသမီးတွေရဲ့ ဓလေ့ကို ဖော်ညွှန်းထားပြီး ပါးစပ်မှာ အပြားလိုက် ရစ်ခွေချိတ်ဆွဲထားတဲ့ သင်္ကေတ တခုကို တွေ့ရမှာပါ။ ဒါကတော့ အရွယ်ရောက်ပြီး ကလေးမွေးဖွားနိုင်တဲ့အရွယ် ရှိနေပြီဆိုတာကို ဖော်ပြတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းတလျှောက် နေထိုင်ကြသူ ဘာဂိုဘိုလူမျိုးစုတွေရဲ့ ချွန်ထက်အောင်ထားကြတဲ့ သွားတွေကလည်း ထူးဆန်းနေပြီး ဒါဟာ လူမျိုးစုအဆင့်အတန်း၊ ရိုးရာယုံကြည်မှု၊ တခါတရံမှာတော့ တိရစ္ဆာန်တွေကို တုပမှုတခုက ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမှ အပါတနီလူမျိုးတွေရဲ့ ဆင်ယင်ပြုပြင်မှုကတော့ နှာခေါင်းမှာ အပေါက်ကြီး ၂ ပေါက်ကို ထိုးဆို့ကာ ဆွဲဆောင်မှုနည်းအောင် ပြုလုပ်ကြတာဖြစ်ပြီး ဒါဟာ တခြားမျိုးနွယ်စုတွေ ပြန်ပေးဆွဲမှုရန်က ကာကွယ်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

တခြားရွေးချယ်ထားတဲ့ ကမ္ဘာအနှံ့မှ ပုံတွေထဲမှာတော့ အိန္ဒိယနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အာဖရိကနိုင်ငံတွေမှ ခန္ဓာကိုယ်ကို ထွင်းဖောက် အလှဆင်ယင်မှုလို ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းတွေအရ ဆင်ယင်ထားမှုတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံအပြည့်အစုံကို http://www.dailymail.co.uk/travel/travel_news/article-4193402/The-extreme-body-modifications-world.html?ito=social-facebook ကတဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013