DVB Logo
Home
မြန်မာသတင်း
ကျွန်းခရီးလည်ပတ်သည့် စပိဘုတ်နှင့် ကင်းမွန်မီးထွန်းလှေ တိုက်မိ၊ ၃ ဦး ဒဏ်ရာရ
DVB
·
March 6, 2017
ကျွန်းခရီးလည်ပတ်သည့် စပိဘုတ်နှင့် ကင်းမွန်မီးထွန်းလှေ တိုက်မိ၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မိုင်းကျေးရွာအနီး ရေပြင်မှာ မတ်လ ၅ ရက်နေ့က ကျွန်းခရီး လည်ပတ်တဲ့ စပီဘုတ်စက်လှေနဲ့ ကင်းမွန်မီးထွန်းစက်လှေ ၂ စီး တိုက်မိရာ စက်လှေပေါ်ပါ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာအနီး ပုလဲစခန်းဘက်ကို ကင်းမွန်မီးထွန်းစက်လှေ တစီး ဦးတည် ခုတ်မောင်းနေစဉ် မြိတ်မြို့မှ မောင်းနှင်လာတဲ့ (MERGUI DOLPHIL) ခရီးသွားကုမ္ပဏီမှ ခရီးသည်တွေ တင်ဆောင်လာတဲ့ စပိဘုတ်စက်လှေနဲ့ တိုက်မိရာ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ မြိတ်မြို့မရဲစခန်းရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

MERGUI DOLPHIL ခရီးသွား ၀န်ဆောင်မှုကုမ္ပဏီက ဦးဇင်မောင်မောင်က “ကျွန်းတော်တို့ MERGUI DOLPHIL ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီမှ ခရီးသည် ၂၇ ဦးကို ကျွန်းခရီးလိုက်ပို့ရင်းနဲ့ ဖြစ်တာပါ၊ သုခပြည့်စုံ ကုမ္ပဏီမှ ခရီးသည်တွေကို ကျွန်းများအား သွားရောက် လည်ပတ်ပေးစဉ် ခရီးသည်တွေက ပင်လယ်ပြင်ရှုခင်းနဲ့ ကျွန်းတွေကို လှပတာကိုတွေ့ပြီး ခရီးသည်တွေက စပီဘုတ်စက်လှေ ဦးခေါင်းထိပ်ကို ထွက်ပြီး ဆယ်ဖီဆွဲ၊ ဓာတ်ပုံတွေ ရိုက်ကြလို့ ပဲ့နင်းက အရှေ့မှာ ခုတ်မောင်းနေတဲ့ ကင်းမွန်မီးထွန်းလှေကို မမြင်တော့ပဲ ၀င်တိုက်မိပြီး ခရီးသည်တဦးနဲ့ ကင်းမွန်မီးထွန်းစက်လှေမှ ရေလုပ်သား နှစ်ဦးတို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့တာ” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသည်နှင့် ရေလုပ်သား ၂ ဦးကို (MERGUI DOLPHIL) ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ယူ ဆေးဝါးကုသမှု ပေးနေပါတယ်။ လက်ရှိကတော့ သက်သာနေပြီးလို့ သိရပါတယ်။ တကယ်လို့ ဆရာဝန်တွေက မသက်သာသေးဘူးဆိုရင် ရန်ကုန်အထိ သွားရောက် ကုသပေးဖို့ စီစဉ်ထားပါတယ်လို့ ဦးဇင်မောင်မောင်က ပြောပါတယ်။

စက်လှေတိုက်မှုနဲ့ပတ်သတ်ပြီး ရေယာဉ်အား မဆင်မခြင် မောင်းနင်းသူ စပီဘုတ် ပဲ့နင်း ဇွမ်ဒွန်းအား ဥပဒေအရ မြိတ်မြို့မ ရဲစခန်း (ပ)၅၇၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇/၃၃၈ အရအမှုဖွင့်လှစ် အရေးယူထားကြောင်း သိရပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)၊ ဓာတ်ပုံ - MERGUIDOLPHIL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013