DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် တရားစီရင်ရေးစနစ်ကို တကိုယ်​​တော် ​ဆန္ဒပြ
DVB
·
March 6, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ မြို့နယ်တရားရုံးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် ပြည်မြို့မှာ တကိုယ်တော် ဆန္ဒပြတောင်းဆိုမှုတခုဖြစ်ပွားခဲ့ပါတယ်။

တရားရုံးတွေက အလုပ်မလုပ်တာ၊ ထွေအုပ်နဲ့ ဌာနဆိုင်ရာတွေ အဂတိလိုက်စားမှုတွေ ရှိနေတာကြောင့် ပြည်မြို့မှာ မတ်လ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝင်းလှိုင်က ပြည်ခရိုင်ထွေအုပ်ရုံးရှေ့ကို သွားရောက်တောင်းဆိုဆန္ဒပြတာပါ။

ပြည်ခရိုင်ထဲက ရေလုပ်သားတွေ လုပ်ကိုင်စားသောက်နေရတဲ့ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို ခွင့်ပြုထားတဲ့ကိစ္စ၊  vivo ဖုံးကုမ္ပဏီ အလုပ်ရှင် တရုတ်နိုင်ငံသားကို ရပ်ကွက်ထဲမှာ နေထိုင်ခွင့်ပြုထားတဲ့ကိစ္စတွေနဲ့ ဌာနဆိုင်ရာ အဂတိလိုက်စားမှု ကိစ္စတွေအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးရှေ့ထိ သွားရောက်တောင်းဆိုတာလို့ ကိုဝင်းလှိုင်က ပြောပါတယ်။

တရားရုံးတွေက တရားဥပဒေစိုးမိုးမှုမရှိတာတွေ၊ ငွေမရှိတဲ့သူတွေအတွက် တရားဥပဒေက အကာကွယ်မပေးတာတွေအတွက်သူက အပတ်စဉ် သောကြာနေ့တိုင်း ပြည်ခရိုင်တရားရုံးရှေ့မှာ  သီတင်း ၇ ပတ်တိုင်အောင် တောင်းဆိုဆန္ဒပြခဲ့ပေမယ့် ဒီနေ့အထိ ဆောင်ရွက်ပေးတာမရှိတာကြောင့် အခုလို ခရိုင်ထွေအုပ် ရုံးရှေ့ထိ ဆန္ဒပြရတာလို့လည်း ပြောပါတယ်။

နိုင်ငံတော်သမ္မတ၊ တရားသူကြီးချုပ်၊ရှေ့နေချုပ်၊  ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေ တရားဥပဒေစိုးမိုးရေးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ရေးသားထားတဲ့ ပိုစတာကိုင်ဆွဲပြီး ပြည်မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ အပါအဝင် မြို့တွင်းလမ်းမတွေတလျှောက်  ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013