DVB Logo
Home
မြန်မာသတင်း
ယူနန်​နယ်​စပ်​ဂိတ်​ကို ကိုးကန့်လက်​နက်​ကိုင်​တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
DVB
·
March 6, 2017
ယူနန်​နယ်​စပ်​ဂိတ်​ကို ကိုးကန့်လက်​နက်​ကိုင်​တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ်  လောက်ကိုင်မြို့နယ် ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန်၊ ကျင်ဆန်ကျော် စတဲ့နေရာတွေမှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီနေ့မနက် ၂ နာရီအချိန်က ကိုးကန့်တပ်ဖွဲ့တွေက လောက်ကိုင်မြို့နယ် ယူနန်နယ်စပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ မနက် ၁၂  နာရီကျော်လောက်ကစပြီး ကိုးကန့်၊ ဟုန်အိုင်ဒေသကို မြန်မာစစ်တပ်က အပြင်းအထန် တိုက်ခိုက်တဲ့အတွက်  မလွဲမရှောင်သာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရတယ်လို့ မြောက်ပိုင်းမဟာမိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး မြန်မာစစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေ ရှိရာဒေသကို လက်နက်နဲ့ လူအင်အားတွေ ဖြည့်တင်းကာ အမြစ်ပြုတ်ချေမှုန်းတဲ့ စစ်ဆင်ရေးတွေကို ပြုလုပ်နေတယ်လို့လည်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရုပ်သံ - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013