DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်နှင့် ပင်လည်ဘူးတို့တွင် သစ်နှင့် သစ်ခွဲသားများ ၁၈ တန်ကျော် ဖမ်းမိ
DVB
·
March 6, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်နဲ့ ပင်လည်ဘူး နှစ်မြို့နယ်မှာ မတ်လ ၄ ရက်နေ့က ကျွန်း၊ သစ်ရာ၊ အင်သစ်၊ ပျဉ်းကတိုးသစ်နဲ့ သစ်ခွဲသား ၁၈ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်သစ်တောဦးစီးဌာနမှ သိရပါတယ်။

ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ မတ်လ ၄ ရက်နေ့က ထီးချိုင့်မြို့နယ်၊ မြတောင်ဘိ ကက္ကူရွာအနီးမှာ ကျွန်းဗုံတို၊ သစ်ရာ၊ အင်သစ်နဲ့ ခွဲခြမ်း/ခွဲများ ၁၅ ဒသမ ၇၁၃၈ တန်၊ သစ်စက် ၁ လုံးတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာပါ။

အလားတူ မတ်လ ၄ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးမြင့်ဆွေနဲ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ဝါးဘိုးချောင်းရွာ အနောက်တောင်ဘက် ၃ ဖာလုံခန့်မှာ ပျဉ်းကတိုးသစ် ၅ လုံး၊ ၂ ဒသမ ၇၆၂ တန်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကိုကျော်(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013