DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားတချို့ သေဆုံး (ရုပ်သံ)
DVB
·
March 6, 2017
လောက်ကိုင်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားတချို့ သေဆုံး (ရုပ်သံ)
Donate to DVB

ဒီနေ့ မနက် ၂ နာရီ ၀န်းကျင်လောက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့ ယူနယ် နယ်စပ်ဂိတ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

“အသံတွေ တအားကျယ်ပြီး လူသေ ဒဏ်ရာ ရတာတွေ ရှိတယ်။ ဘယ်လောက်လဲ မသိပေပမယ့် အပြင်လဲ မထွက်ရဲကြဘူး”လို့ လောင်ကိုင်မှာ သီတင်းသုံးတဲ့  ဦးဇင်တပါးက ပြောပါတယ်။ တိုက်ပွဲတွေက ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

အရပ်သားတွေရဲ့ အလောင်းတွေကို တွေ့ရတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

လောင်ကိုင်ကို ၀င်ရောက် တိုက်ခိုက်တဲ့ လက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

တိုက်ခိုက်တဲ့ အဖွဲ့က ဘယ်အဖွဲ့ဆိုတာလည်းတော့ သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013