DVB Logo
Home
မြန်မာသတင်း
အလှူရှင် လိုအပ်နေသည့် ထန်တလန်မြို့က လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ
DVB
·
March 5, 2017
အလှူရှင် လိုအပ်နေသည့် ထန်တလန်မြို့က လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ
1 / 9
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့အဝင်မှာတည်ရှိတဲ့ နိုမန်ပန်းဥယျာဉ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကို ၁၉၉၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ကတည်းက သိက္ခာတော်ရဆရာ ဒေါက်တာ ဂျေနိုမန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာဆိုရင် ငွေရတုကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ထန်တလန်မြို့ရဲ့ အစောဆုံး မိဘမဲ့ပရဟိတဂေဟာဖြစ်ပြီး ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်၊ ခမ်းပတ်မြို့နယ်၊ ကလေးမြို့နယ်တို့ကို မိဘမဲ့ကလေးတွေ၊ မိဘရှိသော်လည်း ပညာမသင်ကြားနိုင်တဲ့ ကလေးတွေအတွက်ရည်ရွယ်ပြီး ပညာရေးမြှင့်တင်ပေးနိုင်ဖို့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စတင်တည်ထောင်ကတည်းက ယနေ့အချိန်ထိ လူငယ် ၃၀၀ ကျော်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ၁၀ တန်းအောင်ကျောင်းသား၊ သူ ၃၄ ယောက်ထိရှိခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာ ၂ နှစ်အရွယ် ကနေ ၂၄ နှစ်အရွယ်အထိ မိန်းကလေး ၁၄ ယောက်နဲ့ ယောက်ျားလေး ၂၈ ယောက် စုစုပေါင်း ၄၂ ယောက်တို့ကို ပြုစုပျိုးထောင်ပေးနေပါတယ်။

ကျောင်းနေအရွယ် ၃၀ ယောက်ရှိပြီး ၆ ယောက်ကတော့ မကြာခင်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုရမှာပါ။

"ဒီမြို့မှာ မိဘမဲ့ကျောင်း ၃ ကျောင်းရှိတယ်။ နတလကျောင်း၊ PCH မိဘမဲ့ဂေဟာနဲ့ ဒီ နိုမန်ပန်းဥယျာဉ်ပေါ့။ ဒီနိုမန်ကျောင်းက ထန်တလန်မှာ အစောဆုံးကျောင်း။ ရာသက်ပန် အလှုရှင်တော့မရှိဘူး။ တခါတလေ လာလှူတဲ့သူတွေတော့ရှိတယ်။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကြောင့် ကြီးကြီးမားမား အခက်အခဲတော့မရှိပါဘူး။ ယုံကြည်မှုနဲ့ပဲ လုပ်ဆောင်နေပါ တယ်။ ဒီကကျောင်းကို ၂၀၀၃ခုနှစ်က လူမှုဝန်ထမ်း အသိအမှတ်ပြု ဒုတိယဆင့်ရခဲ့တယ်။ တနှစ်ကို ၂၉ သိန်း ၂ သောင်းကျပ် ထောက်ပံ့တယ်။ ဒီကျောင်းမှာ လောလောဆယ်တော့ တလကို ဆန် ၁၁ အိတ်၊ တနေ့ကို ၅ သောင်းလောက်ကုန်တယ်။"လို့ နိုမန်ကျောင်းကတာဝန်ရှိသူ မဒေါသ်ထိုင်က ဒီဗွီဘီကိုပြောပါတယ်။

လက်ရှိမှာ ကျောင်းအတွက် ဗော်လန်တီယာ ၄ ယောက်ရှိပြီး ကလေးမြို့၊ ရန်ကုန်မြို့တို့မှာလည်း လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ဂေဟာခွဲတွေကို တည်ထောင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013