DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် ကူကီးလူမျိုးများ တော်လှန်ရေးနှစ် ရာပြည့်ပွဲ ကျင်းပ
DVB
·
March 5, 2017
တမူးမြို့တွင် ကူကီးလူမျိုးများ တော်လှန်ရေးနှစ် ရာပြည့်ပွဲ ကျင်းပ
Donate to DVB

ဒီနေ့ မနက်ပိုင်းက ကူကီးလူမျိုးများ၏ အင်္ဂလိပ်နယ်ချဲ့ကိုတော်လှန်ခဲ့သည့် နှစ် ၁၀၀ပြည့် အခမ်းအနားကို တမူးမြို့မှာ စတင်ကျင်းပခဲ့ပါတယ်။

လူငယ်များ မိမိတို့ ကူကီးလူမျိုးတွေရဲ့ သမိုင်းဖြစ်မှန်တွေကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်လာစေဖို့နဲ့ ခေတ်အဆက်ဆက် အုပ်ချူပ်သူများက မိမိတို့ကို ဖိနှပ်ခဲ့မှုတွေ၊ မိမိတို့ရဲ့ လူမျိုးတမျိုးရပ်တည်ချက်တွေကို အသိအမှတ်မပြုမှုတွေကို ဖော်ထုတ်ဖို့အတွက် ကျင်းပရခြင်း ဖြစ်တယ်လို့လည်း ကူကီးလူငယ်တဦးက ဆိုပါတယ်။

အခုလို ကျင်းပတဲ့ တော်လှန်ရေးနှစ် ရာပြည့်အထိမ်းအမှတ်မှာ ကူကီးလူမျိုးများရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဆက်လက်တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပွဲကို ကူကီးမဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB၊ အမျိုးသမီးများအဖွဲ့ချူပ် ( မြန်မာနိုင်ငံ)၊ WLB၊ ရက္ခိုင်အမျိုးသားအဖွဲ့ချူပ် ULA၊ တို့က ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကိုလည်း ပေးပို့ခဲ့ကြပါတယ်။

ကူကီးလူမျိုးတွေရဲ့ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေး နှစ် ၁၀၀ ပြည့်ဟာ မတ်လ ၅ ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို တမူးမြို့မှာသာမက ကူကီးလူမျိုးတွေနေထိုင်တဲ့ နေရာဒေသအသီးသီးမှာလည်း တပြိုင်တည်း ကျင်းပနေပြီး ၎င်းစစ်ပွဲကိုတိုက်ခိုက်ခဲ့တဲ့ နေရာတခုဖြစ်တဲ့ လေရှီးမြို့နယ်၊ မိုဝိုင်လွတ်မြို့မှာလည်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူးပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ကို အင်္ဂလိပ် ကူကီးစစ်ပွဲအဖြစ် သတ်မှတ်ရခြင်း အဓိက အကြောင်းရင်းတခုဟာ ၁၉၁၇ ခုနှစ် မတ်လ ပထမအပတ် အင်္ဂလိပ်တို့၏ ကြေးနန်းစာမှတ်တမ်းကို ရှာဖွေတွေ့ရှိရာကနေ အနီးကပ်ဆုံးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013