DVB Logo
Home
မြန်မာသတင်း
အောင်ဝင်းခိုင် စစ်ကိုင်းတွင် ဖမ်းမိဟု သတင်းထွက်၊ တိုင်း အစိုးရအဖွဲ့က ငြင်း
DVB
·
March 5, 2017
အောင်ဝင်းခိုင် စစ်ကိုင်းတွင် ဖမ်းမိဟု သတင်းထွက်၊ တိုင်း အစိုးရအဖွဲ့က ငြင်း
Donate to DVB

အောင်ဝင်းခိုင်ကို စစ်ကိုင်းတိုင်းအတွင်းမှာ ဒီနေ့ ဖမ်းမိတယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပြီး တိုင်းအစိုးရအဖွဲ့ဝင်တဦးကတော့ မဟုတ်ဘူးလို့ ငြင်းပါတယ်။

ဦးကိုနီကို သတ်ဖြတ်ဖို့ ခိုင်းစေသူ အောင်ဝင်းခိုင်ဟာ စစ်ကိုင်းတိုင်းထဲ ရောက်နေတယ် ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့အပတ်ထဲ ထွက်ပေါ်ခဲ့ပြီး အောင်ဝင်းခိုင်ကို စစ်ကိုင်းမှာ ဒီနေ့ ဖမ်းမိပြီ ဆိုတဲ့သတင်း ထွက်ခဲ့တာပါ။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတဦးက “တိုင်းရဲမင်းကြီးနဲ့ ကျနော် ဖုန်းပြောပြီးသားပါ၊ မရှိပါဘူးနော်၊ အဲဒီအတိုင်းက။”

တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော် ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလလယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုမှာ လက်ရှိ ဖမ်းဆီးထားတဲ့ တရားခံ အောင်ဝင်းဇော်ကို စစ်ဆေးချက်အရ သူ့ရဲညီဖြစ်သူ အောင်ဝင်းခိုင်က စရံငွေ ကျပ်သိန်းတရာပေးပြီး စေခိုင်းခဲ့ကြောင်း၊ ကမ်းလှမ်းချက်အရ လုပ်ကြံပေးနိုင်မယ့်သူကို ရှာဖွေရာ ကနေဦးက အင်းစိန်မှာ နေထိုင်သူ အောင်စိုးကို ကမ်းလှမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကြည်လင်းက အလုပ်တောင်းခံခဲ့လို့ သိန်း(၈၀၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြစ်မှုကျုးလွန်ဖို့ ငွေပေးစေခိုင်းသူလို့ ယူဆရပြီး လတ်တလောမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ မှာ မိမိသဘောဆန္ဒနဲ့ နုတ်ထွက်ခိုင်းကြောင်း၊ ဦးကိုနီလုပ်ကြံခံရတဲ့နေ့မှာ အောင်ဝင်းခိုင်ရဲ့ လေယာဉ်ဆိုက်ရောက်မှု သတင်းအချက်အလက်တွေ ၀င်ရောက်ကြည့်ရှုခဲ့တဲ့ စီစီတီဗွီမှတ်တမ်း ဓာတ်ပုံတွေကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။

အောင်ဝင်းခိုင်နဲ့ ဆက်စပ်တရားခံတွေ ဖမ်းဆီးနိုင်ရေးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီဟာ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရပြီး အခုချိန်ထိ အမှုနဲ့ ဆက်စပ်လို့ သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013