DVB Logo
Home
မြန်မာသတင်း
သမိုင်းဝင်ရွှေမုဋ္ဌောစေတီ ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ
DVB
·
March 5, 2017
သမိုင်းဝင်ရွှေမုဋ္ဌောစေတီ ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ
1 / 13
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ရဲ့ သမိုင်းဝင် စေတီတဆူဖြစ်တဲ့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကြီးကို မတ်လ ၁ ရက် ကနေ ၄ ရက်အထိ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ အမျိုးသား၊ အမျိုးသမီး လှေလှော် အသင်း ၂၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြန် အလှ ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အသင်းတွေအနေနဲ့ ကလေးဝ၊ မင်းကင်း၊ မြစ်ရိုးတလျောက်ကျေးရွာတွေက အသင်းတွေ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး အသင်းတွေကို ဆုကြေးအနေနဲ့ အမျိုးသားလှေလှော် ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယ ၇ သိန်း၊ တတိယ ၅ သိန်းနဲ့ အမျိုးသမီးလှေလှော်ဆုကိုတော့ ပထမ ဒုတိယ တတိယ ကျပ် ၅ သိန်း ၃ သိန်း ၂ သိန်း အသီးသီး ချီးမြှင့်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ အမျိုးသား လှေလှော် ပထမဆုကို ဇီးထောင့်ရွာကိုယ်စားပြု ပေါ့ပါး အသင်းက ရရှိခဲ့ပြီး အမျိုးသမီးလှေလှော် ပထမဆုကို ကိုင်းရွာကိုယ်စားပြု ဒုံးကျည်မ အသင်းက ဆွတ်ခူးရရှိခဲ့ပြီး ဆုတွေကို မတ်လ ၄ ရက်နေ့မှာပဲ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

သတင်း-မင်းရဲစစ်နိုင်၊ ဓာတ်ပုံ-ကံကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013