DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် တရားမ၀င်သစ်များ တင်လာသည့် ကားနှင့်ဆိုင်ကယ်များ ဖမ်းမိ
DVB
·
March 5, 2017
အင်းတော်တွင် တရားမ၀င်သစ်များ တင်လာသည့် ကားနှင့်ဆိုင်ကယ်များ ဖမ်းမိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင်မတ် ၅ ရက်တနေ့တည်း တရားမဝင် ကျွန်းသစ်နဲ့ တမလန်းသစ်တွေ တင်ဆောင်လာတဲ့ သုံးဘီးယာဉ် ၁ စီး၊ ကား ၂ စီး၊ ဆိုင်ကယ် ၂ စီး ကိုဖမ်းဆီး ရမိခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

မတ်လ ၅ ရက် မနက် ၁ နာရီ ၂၅ မိနစ်က အင်းတော်မြိုမရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦး၊ ရဲအုပ်သန်းထွန်းလှိုင်၊ တောအုပ်နေစိုးတို့ ပါဝင်တဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ အင်းတော်မြို့အထွက် မောင်းတံဂိတ်မှာ ခင်မောင်ထူးနဲ့ ခိုင်ခန့်သူတို့မောင်းနှင်လာတဲ့ ၃ ဘီး ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင်တမလန်းတိုင် ၁၇ လုံး၊ ယာဉ်မောင်း ဝေဖြိုးအောင်၊ ယာဉ်နောက်လိုက် အငယ်လေး(ခ)အိုက်ပီး တို့မောင်းနှင်လာတဲ့ စူပါကာစတန်ယာဉ်ပေါ်မှ ကျွန်ခွဲသားဆိုဒ်စုံ ၈၅၄ ချောင်း၊ အောင်မင်္ဂလာရပ်ကွက်၊ ဗန်းမောက်လမ်းဆုံမှာ ယာဉ်မောင်း မြင့်သူ၊ ယာဉ်နောက်လိုက်မုန်းတွယ်လ တို့မောင်းနှင်လာသော စူပါကာစတန် အဖြူရောင်ယာဉ်ပေါ်က ကျွန်ခွဲသားဆိုဒ်စုံ ၆၁၀ ချောင်း၊ အင်းတော်မှကသာမြို့ကို အောင်သိုက်မောင်းနှင်လာတဲ့ 125 ကမ်ဘိုအမျိုးအစား ဆိုင်ကယ်ပေါ်မှာ တမလန်းတုံးတို ၇ တုံး၊ ထွန်းမြင့်အောင်မောင်းနှင်လာတဲ့ ရှန်ရမ်း ဆိုင်ကယ်ပေါ်မှာ တမလန်းတုံးတို ၁၄ တုံးတို့ကို အသီးသီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင်ကျွန်းသစ်နဲ့ တမလန်းသစ်များတင်ဆောင်လာတဲ့ သုံးဘီးယာဉ် ၁ စီး၊ ကား ၂ စီး၊ ဆိုင်ကယ် ၂ စီးမှ တရားခံ ၈ ဦး ကို အင်းတော်မြို့မရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်နေပါ တယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013