DVB Logo
Home
မြန်မာသတင်း

ပန်လော့စခန်းကို ကေအိုင်အေနှင့်တီအန်အယ်လ်အေ အလစ်ဝင်တိုက်ဟု တပ်မတော်ပြော

DVB
·
March 5, 2017
ပန်လော့စခန်းကို ကေအိုင်အေနှင့်တီအန်အယ်လ်အေ အလစ်ဝင်တိုက်ဟု တပ်မတော်ပြော
Donate to DVB

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပန်လော့တပ်စခန်းကို ကေအိုင်အေနဲ့ တီအန်အယ်လ်အေ ပူးပေါင်း တပ်တွေက မတ်လ ၄ ရက်မှာ အလစ်အငိုက်လာတိုက်လို့ တပ်မတော်သားတချို့ သေဆုံးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

“ဖြစ်စဉ်တွင် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်တစ်ချို့နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး လက်နက်ငယ်တစ်ချို့နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့သည်။”

မတ်လ ၄ ရက် မနက် ၄ နာရီကျော်မှာ ကေအိုင်အေ၊ တီအန်အယ်လ်အေ ပူးပေါင်းအဖွဲ့က အင်အား ၇၀ လောက်ဟာ ပန်လော့စခန်းရဲ့ တောင်ဘက်၊ အရှေတောင်ဘက်ကနေ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်။

တချိန်တည်းမှာပဲ တပ်မတော်က လုံခြုံရေးယူထားတဲ့ ရင်ကွဲတောင်စခန်းနှင့် နမ့်ခိုင်တံတားလုံခြုံရေးစခန်းတို့ကိုလည်း လက်နက်ကြီးတွေနဲ့ ပတ်ခတ်တိုက်ခိုက်တယ်။

တပ်မတော်သားတွေ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ KIA/TNLA တပ်ဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တပ်သတင်းမှာ ဖော်ပြပါတယ်။

အခုလို အလစ်အငိုက်လာတိုက်တာဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးကို များစွာ ထိခိုက်စေလို့ တပ်မတော်က အဲ့ဒီဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။

17155227_1250968558357340_3151011086545698086_n

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013