DVB Logo
Home
မြန်မာသတင်း
ငပလီမြို့တွင် ရေမီတာ အဆမတန်ကောက်ခံနေသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
March 5, 2017
ငပလီမြို့တွင် ရေမီတာ အဆမတန်ကောက်ခံနေသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်၊ ငပလီမြို့ကျေးရွာအချို့မှာ ရေမိတာခတွေ အဆမတန်ကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေကြရပါတယ်။

ငပလီမြို့၊ ဇီးဖြူကုန်းအုပ်စုအပါအဝင် စပါးကြီးကျေးရွာ၊ မဇင်ကျေးရွာ၊ ငပလီကျေးရွာတွေမှာ အခုလို ရေမိတာခတွေ အဆမတန်ကောက်ခံမှုတွေကြောင့် ပြည်သူတွေ အခက်အခဲ့ဖြစ်နေကြရ တယ်လို့ ဇီးဖြူကုန်းကျေး ရွာနေသူ ဦးစောနိုင်က ဒီဗွီဘီကိုပြောပါတယ်။

“တယူနစ်ကို သူတို့က ၁၅၀ နှုန်းကောက်ပါတယ်။ ၁၅၀ နှုန်းကောက်တဲ့ နေရာမှာ သူတို့တွေ မီတာခွက်ကိုဖတ်ပြီး ဆိုလို့ရှိရင် လိုချင်တဲ့ပုံစံမျိုး၊ ဖတ်ချင်သလိုဖတ်ပြီးစာရွက်ပေးခဲ့တယ်။ သို့ပါသော်လည်းရုံးမှာသွားဆောင်ကြ ရတယ်။ ရုံးမှာသွားဆောင်တဲ့အခါမှာ ၅၀၀၀ ထောင်ကျ၊ ၅၀၀၀ ထောင်ပေးခဲ့တယ်။ တသောင်းကျတသောင်း ပေးခဲ့တယ်။ အများပြည်သူက ကြောက်လန့်ပြီးမပြောခဲ့ တာတွေအများကြီးရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ကို အခုလိုခံပြီးတော့ပြောလိုက်ရင် မီတာခွပ်တွေကိုဖျက်ပစ်မယ်။ ပိုက်တွေကိုချိုးပစ်မယ်။ ခင်ဗျားတို့ကို ရေမပေးဘူး။ အဲဒီလို ခြိမ်းခြောက်တာတွေ အများကြီးရှိတယ်။”

ရေမိတာတယူနစ်ကို ၁၅၀ ပေးနေရပြီး ၁ လ ရေးသုံးစရိတ်ဆိုရင် သာမန်လူတန်းစားတွေအတွက် ၁၅၀၀၀ ကနေ ၁၇၀၀၀ အထက်အထိ ပေးနေကြရတယ်လို့ ဇီးဖြူကုန်းကျေးရွာနေ မချိုသွေးကပြောပါတယ်။

“ကျမတို့ ညီကိုမောင်နှမတွေ ပိုက်ဆံအဆင်မပြေဘူး။ ရေဖိုးလိုက်ကောက်တယ်။ ကိုယ့်ပဲစိုက်ပေးရတယ်။ ညီမတို့မှာက စိုက်ပေးရဖို့ ပိုက်ဆံမရှိဘူး။ အကိုဒီလောက်ပဲယူပါလို့လည်း ပြောလို့ မရဘူး။ မီတာရုံးမှာ ကိုယ်ဟာကိုယ် သွားဆောင်ဆိုပြီးတော့ ဒီအတိုင်းပစ်ချခဲ့တယ်။ တလကို ၁၅၀၀၀၊ ၁၇၀၀၀ ၊ ၁၆၅၀၀၊ ၁၅၁၅၀၊ တယူနစ်ကို၁၅၀နှုန်းပေးရတယ်။”

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သံတွဲမြို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကတော့ ပြည်နယ်အစိုးရခွင့်ပြုချက်နဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ကောက်ခံ တာလို့ ငပလီမြို့၊ ဇီးဖြူကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ဒီဗွီဘီကိုပြောပါတယ်။

သံတွဲမြို့ စည်ပင်သာယာရေးအမှုဆောင်ရာရှိ ဦးလှဖိုစံကတော့ အခုလို တယူနစ်ကို ၁၅၀ ကောက်ခံတာဟာ ပုံမှန်သတ်မှတ်နှုန်းထားအတိုင်း ကောက်ယူတာဖြစ်တယ်လို့ပြောပါတယ်။

“ရေမီတာက သတ်မှတ်ထားတဲ့အတိုင်း တယူနစ်ကို ၁၅၀ နှုန်းပေးရမှာပေါ့။ အဲဒါက ရေသုံးရင်ပေးရမှာပေါ့။ အပြင်ကရေဝယ်သုံးရင် ရေဘောင်ချာတစီးကို၂၅၀၀၀ အခွဲအထိပေးရတယ်။ အဲဒါက တပတ်တောင်မသုံးရဘူး။ သူတို့ရှင်းရှင်းပြောရရင်သူတို့ ပိုက်ဆံအလကားလိုချင်တယ်ပေါ့။ အလကားလိုချင်တော့ တိုက်တယ်ခိုက် တယ်စကားပြောမှာပေါ့။”

ရခိုင်ပြည်နယ်၊ အတွင်းမြို့နယ်အချို့မှာ ရေတယူနစ်သာမာန်အိမ်သုံး တယူနစ်ကို ၃၅ ဖြစ်ပြီး၊ လုပ်ငန်းသုံး ၇၅ ကျပ်၊ ကုမ္ပဏီလုပ်ငန်းကြီးသုံး ၁၀၀ ပေးရပြီး၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်တွေမြို့တွေမှာတော့ သာမာန်အိမ်သုံး ရေတယူနစ်ကို ၃၅ သာ ကျပ်ပေးရပြီး၊ တလအများ ဆုံးရေသုံးစရိတ်၂၀၀၀ ကနေ့ ၂၅၀၀ အထိသာပေးရတယ်လို့ သိရပါတယ်။

သတင်း၊ဝဏ္ဏခွာညို- ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013