DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးသူနည်းမည်ကို စိုးရိမ်ကြောင်း ERCB ပြော
DVB
·
March 4, 2017
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးသူနည်းမည်ကို စိုးရိမ်ကြောင်း ERCB ပြော
Donate to DVB

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို သိရှိသူနည်းပါးတဲ့အတွက် မဲပေးသူဦးရေ နည်းသွားမှာကို စိုးရိမ်ကြောင်း ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်လဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB)က မတ်လ ၄ ရက်နေ့က ဒီမိုကရေစီစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လက်ရှိလုပ်နေတဲ့ မဲဆန္ဒရှင် အသိပညာပေးခြင်း နည်းလမ်းတွေအပြင် ပြည်သူတွေကို တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကိုသုံးစေချင်တယ်လို့ ရွေးကောက်ပွဲ မူဘောင်ပြပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှာပါဝင်တဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က စီမံကိန်းညှိနှိုင်းရေးမှူး မသိမ့်သိမ့်ဖူး ကပြောပါတယ်။

နိုင်ငံရေးပါတီတွေဘက်ကလည်း ပါတီမဲဆွယ်စည်းရုံးရေးအပြင် ပြည်သူတွေ ကြားဖြတ်ရွေးကောက်ပွဲကို သိလာအောင် မဲဆန္ဒရှင် အသိပညာပေးတာတွေကိုပါ လုပ်ဆောင်သင့်တယ်လို့ PACE အဖွဲ့က မရွှေရည်ဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေတဲ့ လွတ်လပ်အမှီအခိုကင်းတဲ့ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်း ၁၂ ခုပါဝင်ပြီး ၂၀၁၆ ခုနှစ်မှာ စတင် တည်ထောင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013