DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး၊ သူမ၏ခွေးက အလောင်းနားအကပ်မခံဘဲ ရန်ရှာ (ရုပ်သံ)
DVB
·
March 4, 2017
မြန်မာအမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး၊ သူမ၏ခွေးက အလောင်းနားအကပ်မခံဘဲ ရန်ရှာ (ရုပ်သံ)
1 / 2
Donate to DVB


by dvburma
ထိုင်းတောင်ပိုင်း ယာ့လားခရိုင် ယာ့လားမြို့မှာ မနေ့မနက်က ကြိုးဆွဲချသေဆုံးတဲ့ မြန်မာအမျိုးသမီးအလောင်းတွေ့ရှိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၃ ရက် မနက် ၉ နာရီ ၁၅ မိနစ်အချိန်က ယာ့လားမြို့ ၀ပ်မိုင်းဘုန်းကြီးကျောင်း အနောက်လမ်းကြား  အိမ်အမှတ် ၁/၁၀ မှာ လူသေမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အဆိုပါအိမ်ထဲမှာ ဆွဲကြိုးချသေဆုံးနေတဲ့ အမျိုးသမီးတဦးတွေ့ရပြီး အနက်ရောင်ခွေးတကောင်က ဘယ်သူ့ကိုမှ အလောင်းနား အကပ်မခံတာကြောင့် မြူနီစီပယ်ကို ဖုန်းဆက်ခေါ်ပြီး ခွေးကို အရင်ဖမ်းဆီးထားခဲ့ရတယ်လို့ ယာ့လားနယ်မြေရဲစခန်း ဒုရဲမှူး ၀ိမွန်း ဖန်းချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၀ အရွယ် မြန်မာအမျိုးသမီး မမီးမီးဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၈ နာရီလောက်က သေဆုံးခဲ့တာလို့ ဆိုပါတယ်။

NjpUs24nCQKx5e1A7lrcvZ8CsrJvO31RRg1oxaJ0XLcမမီးမီးရဲ့ အသိမိတ်ဆွေတွေ ပြောပြချက်အရ သူမဟာ ဟိုတယ် (ရီးဆော့တ်) တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တစ်နှစ်လောက်ပေါင်းသင်းခဲ့ဖူးတဲ့ လင်ယောကျာ်းဟောင်း မြန်မာအလုပ်သမားတဦးက သူ့ထံရောက်လာကာ ပြန်လည်ပေါင်းသင်းဖို့ ညှိနှိုင်းခဲ့ကြောင်း၊ မမီးမီးက လက်မခံတဲ့အတွက် အကြီးအကျယ် စကားများရန်ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

၃ ရက်နေ့မနက်ကတော့ မမီးမီးဟာ အလုပ်မဆင်းတဲ့အတွက် သူငယ်ချင်းက ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ ဖုန်းခေါ်ဆိုမရလို့ သူနေတဲ့အိမ်ကို လိုက်လာရာမှာ တအိမ်လုံးတိတ်ဆိတ်နေပြီး  ကြိုးဆွဲချသေဆုံးနေတဲ့ မီးမီးကို တွေ့လို့ ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

မမီးမီးဟာ အိမ်ထောင်ရေးပြသနာ ဖြေရှင်းလို့မရတာကြောင့် အခုလို သူ့ကိုယ်သူ သေကြောင်းကြံသွားတာလို့ ရဲတပ်ဖွဲ့က သုံးသပ်ပြီး သူမရဲ့ လင်ယောက်ျားဟောင်းကိုလည်း ခေါ်ယူစစ်ဆေးသွားမယ်လို့  ယာ့လားနယ်မြေရဲစခန်း ဒုရဲမှူးက ပြောသွားပါတယ်။
သတင်းနှင့်ရုပ်သံ thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013