DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု အဆင့်မြင့်တရားရုံးကို အယူခံဆက်တင်မည်ဟု သမ္မတရုံးပြောခွင့်ရ ပြော
DVB
·
March 4, 2017
လိပ်ကျွန်းအမှု အဆင့်မြင့်တရားရုံးကို အယူခံဆက်တင်မည်ဟု သမ္မတရုံးပြောခွင့်ရ ပြော
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့  မြန်မာလုပ်သားနှစ်ဦးရဲ့ အယူခံကို အယူခံတရားရုံးက မတ်လ ၁ ရက်မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး အဆင့်မြင့်တရားရုံး (High Court) ကို ဆက်ပြီး အယူခံဝင်မယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“အခုလာမယ့် ဒုတိယ အဆင့်ကို အထူးအလေးထားပြီး လုပ်မယ်။ ဒုတိယအဆင့်မှာ အရေးကြီးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဆင့်မြင့်တရားရုံးဆိုတာက ဘယ်နိုင်ငံမဆို နောက်ဆုံး အယူခံဖြစ်တယ်။ ဒါဟာ သူတို့နှစ်ယောက်အတွက်အရေးကြီးတယ်။ အစိုးရလည်း ဒါကိုတော်တော်လေး စိတ်ပူတယ်။ စိတ်ပူတဲ့အတွက် အခုသံရုံးနဲ့ ရှေ့နေများကောင်စီနဲ့လည်း တွေ့ပြီးပြီ။ ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးထားပြီးပြီ။ အဲဒီအပေါ်မှာ ကိုအောင်မျိုးသန့် ကိုထူးချစ်တို့နဲ့ ပေါင်းပြီးတော့ ဒီကလေးနှစ်ယောက်အတွက် အစိုးရက လုပ်နိုင်သလောက် လုပ်သွားမှာဖြစ်ပါတယ်။”

ဒီလူသတ်မှုမှာ တရားလိုတွေဘက်က တင်ပြထားတဲ့ သက်သေအထောက်အထားခိုင်လုံမှု မရှိသလို လူငယ် ၂ ဦးအနေနဲ့ လူသတ်မှုကျူးလွန်တယ်လို့ မယုံကြည်တာကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ ဘက်က  လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် အယူခံတရားရုံးကို ဆက်ပြီးတင်ပြခဲ့တာဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦးကို ကော့စမွီခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသတ်ခံရတဲ့ ဒေးဗစ်မေလာရဲ့မိသားစုဝင်ကတွေကတော့  သူတို့တွေကို သေဒဏ်ကနေ သက်ညှာပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ မှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013