DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် ၉ ချက်ကို မူအားဖြင့် သဘောတူညီမှုရရှိ
DVB
·
March 3, 2017
ရန်ကုန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် ၉ ချက်ကို မူအားဖြင့် သဘောတူညီမှုရရှိ
Donate to DVB

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆိုပြုချက် (၉) ချက်ကို နှစ်ဖက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက်  မူအားဖြင့် သဘောတူညီခဲ့ကြတယ်လို့  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ကြေညာပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု UNFCရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရန်ကုန်ရုံးခွဲမှာ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထုတ်ပြန်လိုက်တာပါ။

“အဆိုပြုချက် (၉) ချက်အပေါ် ဆွေးနွေးခဲ့ကြရာမှာ အဆိုပြုချက် အမှတ်(၃) အား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး တွင်လည်းကောင်း၊ အဆိုပြုချက် အမှတ် (၅) အား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အလုပ်အဖွဲ့တွင်လည်းကောင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြတယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တိုင်းရင်းသားအဖွဲ့တွေရဲ့ အဆိုပြုချက် နံပတ် ၃ က နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ အစိုးရ၊ လွှတ်တော်နဲ့  တပ်မတော် ကိုယ်စားလှယ်တွေ ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့  တရားဝင်နိုင်ငံရေးပါတီများရဲ့ကိုယ်စားလှယ်တွေပါဝင်စေပြီး တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တခြားပါဝင်သင့်ပါဝင်ထိုက်သူတွေ သက်ဆိုင်ရာ ကဏ္ဍမှာ ပါဝင်စေဖို့  ဖြစ်ပါတယ်။

အဆိုပြုချက် အမှတ် ၅ ကတော့ နိုင်ငံေ၇းဆွေးနွေးပွဲမူဘောင်အပါအ၀င် နှစ်ဖက်လိုက်နာရမယ့် အပစ်ရပ်စည်းကမ်းတွေ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေးလုပ်ငန်း လမ်းညွန်နဲ့ တပ်ပြန်လည်နေရာချထားရေးကိစ္စတွေပါဝင်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်သွားဖို့နဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း သဘော တူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013