DVB Logo
Home
မြန်မာသတင်း
ကွာရှင်းရန်လာသည့် ဇနီးနှင့်ကလေးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် (ရုပ်သံ)
DVB
·
March 3, 2017
ကွာရှင်းရန်လာသည့် ဇနီးနှင့်ကလေးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင် ထိုင်းနွဲ့မြို့နယ်ထဲမှာ ဒီကနေ့မနက်က မြို့နယ်ရုံးကို လာပြီး တရားဝင်ကွာရှင်းဖို့ ရောက်လာတဲ့ ဇနီးမောင်နှံ ၂ ဦး သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး သူတို့ ၂ ဦးအပြင် ၅ နှစ်ရွယ် ကလေးပါ သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနွဲ့မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့မှာ ဒီကနေ့ မနက် ၁၀ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ရှိကြောင်း သတင်းကြားသိရတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ အုပ်ချုပ်ရေးရုံး ကားပါကင်ထိုးတဲ့ နေရာက ငွေရောင်မာစဒါဆလွန်းကားအနီး သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေသူ အမျိုးသမီးတဦး၊ ကားရဲ့ နောက်ခန်းမှာသေဆုံးနေတဲ့ ၅ နှစ်ရွယ် ယောက်ျားငယ်လေးတဦး၊ ဒဏ်ရာရသူ အမျိုးသား ၂ ဦးတို့ကို တွေ့ရတယ်လို့ ထိုင်းနွဲ့ရဲစခန်း တာဝန်ကျရဲဝန်ထမ်းမှ သတင်းထောက်ကို ပြောပါတယ်။

ဒဏ်ရာရသူအမျိုးသား ၂ ဦးအနက် တဦးမှာ ဆေးရုံမရောက်ခင် လမ်းမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူ ၃ ဦးမှာ နိုင်းဆူရဆဒ် နဲ့ နန်းဝနာဝမ် တို့ လင်မယား ၂ ဦးနဲ့ သားဖြစ်သူ ဆုကလစ်ဒီ တို့ဖြစ်ကြကြောင်း၊ သူတို့ လင်မယားကွာရှင်းရန် မြို့နယ်ရုံးသို့ လာကြစဉ်လမ်းမှာ စကားများရန်ဖြစ်ပြီး လင်ယောကျာ်းဖြစ်သူ နိုင်းဆူရဆဒ်က သူ့ဇနီး၊ သားနဲ့ ယောက္ခထီးတို့ကို သေနတ်နဲ့ ဦးစွာပစ်ခတ်ပြီး သူ့ကိုယ်သူလည်း ပြန်ပစ်ခဲ့တာလို့ ဒဏ်ရာရ အမျိုးသား (ယောက္ခထီး)က ပြော သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013