DVB Logo
Home
မြန်မာသတင်း
ပူပြင်းခြောက်သွေ့ရာသီ ရေခန်းခြောက်စပြုလာပြီဖြစ်သည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော (ဓာတ်ပုံ)
DVB
·
March 3, 2017
ပူပြင်းခြောက်သွေ့ရာသီ ရေခန်းခြောက်စပြုလာပြီဖြစ်သည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော (ဓာတ်ပုံ)
1 / 17
Donate to DVB

ကျေးငှက်တွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သာယာလှပတဲ့ မိုးယွန်းကြီးအင်း သဘာဝ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ ဆောင်းအကုန် နွေအကူးကာလ ပူးပြင်းခြောက်သွေ့တဲ့ရာသီမှာ ရေစတင်ခြောက်ခန်းစ ပြုလာနေပြီဖြစ်ပါတယ်။

ရန်ကုန်ကနေ မိုင် ၇၀ လောက်ဝေးတဲ့ မိုးယွန်းကြီးအင်း ဘေးမဲ့တောဟာ ပဲခူးတိုင်း၊ ပျဉ်ပုံကြီးရွာ ရန်ကုန်-မန္တလေးကားလမ်းဘေး တဘက်တချက်မှာတည်ရှိပြီး ပြည်တွင်းပြည်ပက ခရီးသွားတွေ၊ သဘောဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေနဲ့ ငှက်ဝါသနာရှင်တွေအတွက် အပန်းဖြေစရာ၊ လေ့လာစရာ နေရာတခုလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလကနေ မတ်လအတွင်းမှာ ဆောင်းခိုငှက်တွေ အများအပြား လာရောက်လေ့ရှိပြီး  ငှက်မျိုးစုံ မျိုးစိတ်ပေါင်း ၁၃၀ လောက် နေထိုင်ကျက်စားလေ့ရှိတဲ့ မိုးယွင်းကြီးအင်းထဲမှာ စက်လှေစီးရင်း ကျေးငှက်တွေကို လှည့်လည်ကြည့်ရှု လေ့လာနိုင်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013