DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းတွင် တရားမဝင်သစ်များ ဖမ်းမိ
DVB
·
March 3, 2017
Donate to DVB
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ကံကြီးလမ်းနှင့် ဘီးလင်းတန်းလမ်းဆုံမှာ ဒီနေ့မနက် ၃ နာရီလောက်က ယာဉ်တစီးပေါ်ကနေ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင်သစ်တွေ တင်ဆောင်လာကြောင်း သတင်းအရ လက်ပံတန်းမြို့ သစ်တောဦးစီးဌာနနဲ့ မြို့မရဲစခန်း တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက  သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ မှော်အင်းကျေးရွာဘက်မှ လက်ပံတန်းမြို့ထဲ လှမင်းထွန်း မောင်းနှင်လာတဲ့ အစိမ်းရောင်ကား ဂွန်ဒေါင်းယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ၅၆ ချောင်း (၀ ဒသမ ၆၅၀၆)၊ ပျဉ်းကတိုးခွဲသား ၄ ချောင်း (၀ ဒသမ ၂၀၁၂) တန်နဲ့ အခြားခွဲသား ၂၂၄ ချောင်း ၃ ဒသမ ၈၆၂၈ တန်တို့ကို ပိုင်ရှင်ဖြစ်သူ အုန်းကုန်းရွာနေ ဦးဇော်နိုင်နဲ့ ဇီးဖြူကုန်းမြို့မရွာနေ ဦးမြင့်စန်းတို့နဲ့အတူ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ တရားမဝင် ကျွန်းခွဲသားတွေနဲ့ အခြားသစ်ခွဲသားတွေ တင်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူနဲ့ ပိုင်ရှင် နှစ်ဦးတို့ကို လက်ပံတန်းမြို့မရဲစခန်းမှ သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂(ခ)၊ ၄၁(က) တို့နဲ့ အရေးယူသွားမယ်လို့ လက်ပံတန်းမြို့မရဲစခန်းမှ ရဲအုပ်စိန်မောင်မြင့်က ပြောပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013