DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်သစ်ရွေးချယ်မည့် ကေအန်ယူ ကွန်ဂရက် မတ်လလယ်ကျင်းပမည်
DVB
·
March 3, 2017
ခေါင်းဆောင်သစ်ရွေးချယ်မည့် ကေအန်ယူ ကွန်ဂရက် မတ်လလယ်ကျင်းပမည်
Donate to DVB

 

ခေါင်းဆောင်သစ်ပြန်လည်ရွေးကောက်တင်မြှောက်မယ့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို လာမယ့် မတ်လ ၁၄ ရက်နေ့မှာ စတင်ကျင်းမှာဖြစ်တယ်လို့  ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

ဒီကွန်ဂရက်မှာ လွန်ခဲ့တဲ့ ၄ နှစ်က လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို အစီရင်ခံပြီး နောက်ထပ် ၄ နှစ်အတွက် တာဝန်ယူမယ့် ခေါင်းဆောင်သစ်ကို ပြန်လည် ရွေးချယ်တင်မြောက်မှာ ဖြစ်ပါတယ်။

အရင် ကျင်းပတဲ့ ကွန်ဂရက်တွေ ၅ ရက်လောက်သာကြာခဲ့ပေမယ့် ဒီတကြိမ်မှာတော့ ရှင်းရမယ့် အရာများတဲ့အတွက် ဒီထက်ပိုကြာနိုင်တယ်လို့လည်း ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“အရင့်အရင်က ကွန်ဂရက်တွေဆိုရင်၊ ပဒိုမန်းရှာတို့လက်ထက်က ဆိုရင် ၅ ရက်ပဲဟာ။ ဒီနောက်ပိုင်း မှာကျတော့ နည်းနည်း အရှုတ်အထုတ်ကလေးတွေ၊ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်တာတွေ၊ အဲဒါတွေရှိလာတဲ့အခါကျတော့ ရှင်းရမယ်၊ ပြုရမယ်ဆိုတော့ နောက် ကျနော်တို့ရဲ့ဖွဲ့စည်းပုံကိုလည်း အရင်တုန်းက ရန်သူရန်သူဆိုတဲ့အသုံးအနှုန်းတွေက ပြန်ပြင်ရမယ်လေ။ အဲဒါတွေမှာ နည်းနည်းကြာမယ်လေ။ ”

ဒီတကြိမ်ကျင်းပတဲ့ ကွန်ဂရက်မှာတော့ ပြည်တွင်းက ကရင်နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ ဖိတ်ကြားထားသလို နိုင်ငံတကာက ကရင်အမျိုးသားတွေလည်း တက်ရောက်ဖို့ရှိပါတယ်။

တက်ရောက်လာမယ့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ညီလာခံမှာ ၀င်ရောက်ဆွေးနွေး၊ မေးမြန်း၊ အကြံပြုနိုင်ပေမယ့် ကိုယ်စားလှယ်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကေအန်ယူရဲ့ ကွန်ဂရက်ကို ၄ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိပြီး ကျင်းပချိန်ကို နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပလေ့ရှိပါတယ်။

အစောပိုင်းကတော့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင် ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် ၂၁ ပင်လုံညီလာခံကြောင့် ဒီကွန်ဂရက်ကို ရွေ့ဆိုင်းခဲ့ပါတယ်။

ကွန်ဂရက် ရွေ့ဆိုင်းလိုက်တာကြောင့် ကရင်အမျိုးသားထုအကြားမှာ ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013