DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာန ၄ ခု ပူးပေါင်းပြီး အင်္ဂပူမြို့နယ် ကျေးရွာများတွင် အသိပညာပေး ဆေးကုသ
DVB
·
March 3, 2017
Donate to DVB

အင်္ဂပူမြို့နယ်အတွင်း ဝန်ကြီးဌာန ၄ ခု ပူးပေါင်းပြီး ကျေးရွာတွေမှာ ကွင်းဆင်းအသိပညာပေး ဆေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွေက ကျေးရွာအုပ်စုပေါင်း ၈၀ ကျော်ကို စီမံကိန်းနဲ့ဘဏ္ဍာရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးကုသမှုဦးစီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊ စားသုံးသူဦးစီးဌာန၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ ပူးပေါင်းပြီး မတ် ၂ ရက်နေ့က စပြီး လိုက်လံအသိပညာပေးဟောပြောပွဲတာတွေ၊ ဆေးကုသမှုပေးတာတွေပါ ပြုလုပ်နေကြတာပါ။

အခွန်ဦးစီးဌာနကတော့ အခွန်အကြောင်း သိကောင်းစရာတွေကို ကျေးရွာတွေက လူထုတွေ သိရှိသဘောပေါက်အောင် လိုက်လံပညာပေးနေတာလို့ အင်္ဂပူအခွန်ဦးစီးမှူး ဦးတင်အုန်းလွင်က ပြောပါတယ်။

တိုင်းရင်းဆေးကုသမှုဦးစီးဌာနကတော့ တိုင်းရင်းဆေးအကြောင်းတွေနဲ့ သွားရောက် ဟောပြောအသိပညာပေးတဲ့ဒေသတွေက လူနာတွေကို သက်ဆိုင်ရာ ရောဂါအလိုက် တိုင်းရင်ဆေးတွေနဲ့ ကုသမှုတွေ ပေးနေတယ်လို့ တိုင်းရင်းဆေးကုသမှု ဦးစီးဌာနရဲ့ မြို့နယ် ဆေးခန်းမှူး ဦးခိုင်ထွန်းဇော်က ပြောပြပါတယ်။

ဒေသတခုမှာ အနည်းဆုံးလူနာ ၇၀ ကနေ ၁၀၀ လောက်အထိ တိုင်းရင်ဆေးနဲ့ ကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။

စားသုံးသူ ဦးစီးဌာနကတော့ ဆိုးဆေးတွေအကြောင်းနဲ့ မစားသုံးသင့်တဲ့ အရာတွေနဲ့ စားသုံးသူရဲ့ အခွင့်အရေးဆိုင်ရာတွေ ဟောပြောအသိပညာပေးတာတွေကို လုပ်ဆောင်နေတယ်လို့ စားသုံးသူဦးစီးဌာန အကြီးတန်းစာရေး ဦးထွန်းသန်းကို ပြောပါတယ် ။

ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီသီရှိန်းကတော့ "ကျေးရွာတွင်းက လူထုတွေ စာဖတ်ဖို့နဲ့ စာပေအကြောင်းတွေ၊ ဌာနထုတ် လက်ကမ်း စာစောင်တွေ ဝေငှတာ လုပ်ဆောင်ပေးပါတယ်။ ပြည်သူတွေအနေနဲ့ ပူပေါင်းပါမှုနှုန်းကတော့ နည်းနေသေးပါတယ်။ ဒါတွေကို တဖြည်းဖြည်းချင်း အသိပညာဗဟုသုတတွေ ရှိလာအောင်တော့ လုပ်ယူရမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ အင်္ဂပူမြို့ ဇီးပင်ကွင်းမှာတော့ လူဦးရေ ၁၅၀ ကျော် တက်ရောက်လာကြပါတယ်။ ဒေသခံတဦးကတော့ ခုလိုလိုက်လံပြီး ဌာနပေါင်းစုံအသိပညာပေးတာ ကောင်းပေမယ့် ကျေးရွာတွေကို တခါတည်း လာရောက်တာမျိုးမဟုတ်ပဲနဲ့ ဌာနပေါင်းစုံ ဌာနများနိုင်သမျှ များအောင် ကွင်းဆင်းပြီ မကြာခဏအသိပေးစေချင်တယ်လို့ ပြောပါတယ်။

သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - မန်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013