DVB Logo
Home
မြန်မာသတင်း
လက်ဖက်ရည်ဆိုင် ကလေးအလုပ်သမားများ၏ ပညာရေး တယ်လီနော ဆက်လက်ကူညီမည်
DVB
·
March 3, 2017
Donate to DVB

ရန်ကုန်နဲ့ မန္တလေးက လက်ဖက်ရည်ဆိုင်တွေနဲ့ အနီးဝန်းကျင်က ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ myME စီမံကိန်းကို တယ်လီနောက ၂၀၁၇ ခုနှစ်အတွက် ဆက်လက်ကူညီသွားဖို့ ရှိနေပါတယ်။

ဒီစီမံကိန်းက အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးတွေကို ကျောင်းပြင်ပ ပညာသင်ကြားရေး လုပ်ပေးနေတာပါ။ ထောက်ပံ့ရေး သဘောတူညီချက်ကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့တာပါ။

“myME အနေနဲ့လည်း မပြည့်စုံတဲ့ ကလေးငယ်တွေကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုတွေကို ပေးအပ်နေတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောပါတယ်။

တယ်လီနောအနေနဲ့ myME စီမံကိန်းကို ၂၀၁၄ နိုဝင်ဘာလကတည်းက ကူညီထောက်ပံ့ခဲ့ပြီး myME ဝန်ထမ်းတွေရဲ့ လစာတွေ၊ ရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ဖို့ ဘတ်စ်ကားတစီး၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အကြိုအပို့အတွက် ကားတွေ၊ ကွန်ပျူတာတွေနဲ့ တခြားကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ထားတာပါ။

MyME စီမံကိန်းက ကလေးတိုင်းကို တပတ်မှာ ၆ နာရီကြာ သင်ခန်းစာတွေ သင်ပေးနေပြီး အခြေခံပညာ စာတတ်မြောက်မှု၊ သင်္ချာနဲ့ ကွန်ပျူတာကျွမ်းကျင်မှုတွေ သင်ပေးနေတာပါ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက်က ၅ နှစ်ကနေ ၁၇ နှစ် လူဦးရေ သိန်း ၅၀ ကျော်ဟာ စာလုံးဝ မတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ အသက် ၅ နှစ်နဲ့အထက် လူဦးရေရဲ့ ငါးပုံတပုံလောက်ပဲ အလယ်တန်းအဆင့်ကို ပြီးအောင် သင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo - myME: Myanmar Mobile Education Project

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013