DVB Logo
Home
မြန်မာသတင်း
ကျီးကန်းပြင်တွင် အမည်းရောင်မျက်နှာဖုံးစွပ် လူ ၄ ဦးက ဆယ်အိမ်မှူးဟောင်းကို သတ်ဖြတ်
DVB
·
March 2, 2017
ကျီးကန်းပြင်တွင် အမည်းရောင်မျက်နှာဖုံးစွပ် လူ ၄ ဦးက ဆယ်အိမ်မှူးဟောင်းကို သတ်ဖြတ်
Donate to DVB

မာင်တောမြို့နယ်၊ ကျီးကန်းပြင်တောင်ရွာမှာ မတ်လ ၁ ရက်နေ့ ညသန်းခေါင်ကျော်က မျက်နှာဖုံးအမည်းရောင်စွပ်ထားတဲ့ လူလေးဦးက ဆယ်အိမ်မှူးဟောင်းဖြစ်သူ နေအိမ်မှာ အိပ်နေစဉ် လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

မတ်လ ၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီလောက်မှာ ကျီးကန်းပြင်တောင်ရွာမှာနေတဲ့ နူရ်ကာရင် (အသက် ၃၅)နှစ်ဟာ နေအိမ်မှာအိပ်နေစဉ် အမည်းရောင် မျက်နှာဖုံးစွပ်ထားတဲ့ လူလေးယောက် ရောက်ရှိလာပြီး ခေါ်ဆောင်သွားတဲ့အချိန်ကတည်းက မိုးလင်းတဲ့ထိ နေအိမ်ကို ပြန်မရောက်တော့ပဲ မနက်စောစော ၆ နာရီလောက်မှ ရွာတောင်ဘက် ဘယ်ကွင်းထဲမှာ အလောင်းကို တွေ့ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

နူရ်ကာရင်ရဲ့ ရင်ညွန့်တည့်တည့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲနဲ့ ယာဘက် ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝဲဘက်ဆီးခုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါး ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်သန်း ပြတ်ဒဏ်ရာ ၁ ချက်တို့ရရှိထားပြီး လယ်ကွင်းထဲမှာ ပက်လက် အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

သတ်ဖြတ်ခံရမှုကို ဇနီးဖြစ်သူ နူရ်ဘေဂေါမ်က တရားလိုလုပ်တိုင်တန်းထားပြီး ပြင်ဖြူနယ်မြေရဲစခန်းက (ပ) ၁၁/၂ဝ၁၇၊ ပုဒ်မ ၃ဝ၂ နဲ့ အရေးယူထားတယ်လို့ သိရှိရပါတယ်။

မောင်တောမြို့နယ်ထဲမှာ မကြာခဏ လူသတ်မှု၊ လူပျောက်မှုတွေဖြစ်ပွားနေပြီး မွတ်စလင်ရွာတွေမှာပဲ အများဆုံးဖြစ်ပွားနေတာပါ။ လူသတ်မှု အများစုမှာ တရားခံမမိပဲ သတ်ဖြတ်ခံရသူအများစုမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူ၊ သို့မဟုတ် ထမ်းဆောင်ခဲ့ဖူးသူများသာ ဖြစ်ကြ ပါတယ်။

၂ဝ၁၆ အောက်တိုဘာလ ၅ ရက်နေ့က ၂ဝ၁၇ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ သတ်ဖြတ်ခံရသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၂ ဦး နဲ့ ပျောက်ဆုံးသူ ၉ ဦးရှိပြီး ၄ ဦးကို ပြန်တွေ့ခဲ့တဲ့အတွက် ၅ ဦးပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013