DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ ရန်ကုန်တွင် ပြုလုပ်
DVB
·
March 2, 2017
နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ ရန်ကုန်တွင် ပြုလုပ်
Donate to DVB

 

နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲဟာ ပါတီရဲ့မူဝါဒနဲ့ ပါတီအမှတ်အသား၊ ပါတီ လူဦးရေစာရင်းတွေကို ရှင်းပြတာမျိုး မဟုတ်သေးဘဲ နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေးကို စိတ်ဝင်စားတဲ့ သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့အတွက် လုပ်ရတာလို့ ဦးကိုကိုကြီးက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၃၀ နဲ့ ၃၁ ရက်တို့မှာ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ပြည်သူလူထုအကျိုးစီးပွားကို ရှေ့ရှုတဲ့မူဝါဒတွေကို အခြေခံတဲ့အကြောင်းတွေကို ဆွေးနွေး ပြုလုပ်သွားမှာဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာအကြံပြုချက်၊ ဘဏ္ဍာငွေရှာဖွေရေး ဆိုင်ရာအကြံပြုချက်၊ ပါတီဖွဲစည်းတည်ဆောက်ပုံ ဆိုင်ရာ အကြံပြုချက်နဲ့ ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အကြံပြုချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းနဲ့ပြန်ကြားရေး အဖွဲ့က ဦးကျော်လင်း က ပြောပါတယ်။

နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာရေးကိစ္စကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ပြုလုပ်တာမဟုတ်ဘူးလို့လည်း ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013