DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်တွင် ဥမင်လိုဏ်ခေါင်းပြိုကျ ဘူမိပညာရှင် ၂ ဦးသေဆုံး
DVB
·
March 2, 2017
ချင်းမိုင်ခရိုင်တွင် ဥမင်လိုဏ်ခေါင်းပြိုကျ ဘူမိပညာရှင် ၂ ဦးသေဆုံး
1 / 4
Donate to DVB

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တိုင်မြို့နယ်ထဲမှာ ဒီကနေ့ မနက်က ဆောက်လက်စ ဥမင်လိုဏ်ခေါင်းပြိုကျပြီး ထိုင်းဘူမိဗေဒပညာရှင်လူငယ် ၂ ဦး သေဆုံးသွားတယ်လို့  ချင်းမိုင်နယူးစ်သ တင်းမှာ ဖော်ပြပါတယ်။

အဆိုပါဥမှင်လိုဏ်ခေါင်းမှာ မယ်တိုင်မြို့နယ်ရှိ မယ်ငတ်ရေကာတာမှ ရေတွေကို ၁၀ ကီလိုမီတာအကွာရှိ မယ့်ကုံး ရေကာတာဆီ လွှဲပြောင်းသယ်ယူနိုင်ဖို့ အီတာလျံထိုင်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေတာဖြစ်ပြီး  စီမံကိန်းမပြီးစီးခင် အခုလိုပြိုကျခဲ့တာလို့  မယ်တိုင်နယ်မြေရဲစခန်း တာဝန်ကျရဲ ၀န်ထမ်းက သတင်းထောက်ကို ပြောပါတယ်။

ကုမ္ပဏီဟာ တောင်ကြောကို ဒိုင်းနမိုက်နဲ့ခွဲပြီး ဥမင်ဆောက်လုပ်နေတာဖြစ်ကြောင်း၊  မီတာ ၄၀၀ လောက် တူးဖော်ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ဒီမနက်မှာတော့ အလုပ်သမားတွေ အလုပ်မဆင်းခင် ကုမ္ပဏီရဲ့ ဘုမိဗေဒပညာရှင် ၂ ဦးက အတွင်းကို ဦးစွာဝင်ရောက်စစ်ဆေးနေစဉ် ဥမင်ပြိုကျပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသူ ဘူမိပညာရှင် ၂ ဦးမှာ အသက် ၂၄ နှစ်ရွယ် နိုင်းပထုမ်းဖွန်း နဲ့ နိုင်းပရခခ်ျယားဝပ် တို့ဖြစ်ကြပြီး ဥမင်ပြိုရခြင်းအကြောင်းကိုတော့ စစ်ဆေးဆဲဘဲလို့ ရဲဝန်ထမ်းက ပြောသွားပါတယ်။

ဓာတ်ပုံနှင့် သတင်းရင်းမြစ် http://www.chiangmainews.co.th/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013