DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစီး မီးလောင်၊ ၁ ဦး သေဆုံး
DVB
·
March 2, 2017
Donate to DVB

အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ အုန်းတည်ချောင်းရွာအနီး အမ်း-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၂၅/ဝ မှာ မတ်လ ၂ ရက်၊ မနက် ၆ ခွဲက အဝေးပြေးခရီးသည်ယာဉ်တစီး ဝါယာရှော့ခ်ဖြစ် မီးလောင်ခဲ့ပြီး စီးနင်းလိုက်ပါလာတဲ့ အသက် ၂ဝ အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်ကနေ ထွက်ခွာလာတဲ့ အောင်ပြည့်စုံ ရန်ကုန်-စစ်တွေ အဝေးပြေးယာဉ်လိုင်းက ဦးကောင်းဆက်နိုင် မောင်းနှင်လာတဲ့ အဝေးပြေးယာဉ်ဟာ အုန်းတည်ချောင်းရွာနားမှာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ရာက အနားက ဂက်စ်အိုးကို မီးကူးစက်ပြီး ဂက်စ်အိုးနှစ်လုံးမှာ ၁ လုံး ပေါက်ကွဲတဲ့အတွက် ယာဉ်တစီးလုံး မီးလောင်ကျွမ်းခဲ့တာပါ။

မီးလောင်မှုကြောင့် ယာဉ်ပေါ်မှာ ခရီးသည် ၁၈ ဦး ပါလာတဲ့အနက် အသက် ၂ဝ အရွယ် မအေးအေးသန်းဟာ ယာဉ်ပေါ်ပိတ်မိနေပြီး မီးလောင် သေဆုံးခဲ့ပါတယ်။

မီးလောင်မှုကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ကဇုကိုင်း ကျန်းမာရေးဌာနမှာ ဆေးကုသပေးနေတယ်လို့ သိရှိရပါတယ်။

မီးလောင်ကျွမ်းမှုကို အမ်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ ဦးကောင်းဆက်နိုင်က ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။

သတင်း - ကိုအောင်၊ ဓာတ်ပုံ-CJ ကိုစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013