DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီပါတီ ရန်ကုန်တွင် လူထုဟောပြောပွဲပြုလုပ်
DVB
·
March 2, 2017
ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီပါတီ ရန်ကုန်တွင် လူထုဟောပြောပွဲပြုလုပ်
1 / 4
Donate to DVB

 

ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံး အကြိမ် လူထုဟောပြောပွဲကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဟောပြောပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့ အန်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးတို့က ဟောပြောခဲ့ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး နှစ် ၅၀ လောက် ရှုပ်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိနေတဲ့အတွက် တခုချင်းကို ရှင်းနေရတုန်းပဲ ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးက ပြောကြားခဲ့ပါတယ်။

အပြောင်းအလဲတွေကို ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် အပြောင်းအလဲကို ဖော်ဆောင်မယ်သူနဲ့ အပြောင်းအလဲကို နှောင့်နှေးအောင်လုပ်တဲ့ ဂျမ်းတုံးတွေကို ခွဲခြားပြီး မဲပေးဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မဲဆန္ဒရှင်တွေကို ပြောဆိုခဲ့ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အပြောင်းအလဲ လုံးဝမရှိတာမဟုတ်ဘဲ ထင်သာမြင်သာ တဲ့ ပြောင်းလဲမှုတွေနဲ့ မမြင်သာ မထင်သာတဲ့ ဆင့်ကဲပြောင်းလဲမှုတွေ ရှိနေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ မတ်လ ၂၊ ၃၊ ၄ ရက်နေ့တွေမှာ ရန်ကုန်တိုင်းအတွင်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေမှာ လိုက်လံမဲဆွယ် စည်းရုံးဟောပြောမှုတွေကို ပြုလုပ်နေပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013