DVB Logo
Home
မြန်မာသတင်း
လယ်သမားများဘ၀ နိမ့်ကျနေဟု ဦးထင်ကျော် ပြော
DVB
·
March 2, 2017
လယ်သမားများဘ၀ နိမ့်ကျနေဟု ဦးထင်ကျော် ပြော
Donate to DVB

 

သမ္မတဦးထင်ကျော်ရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာထဲမှာ တောင်သူလယ်သမားများဘ၀ နိမ့်ကျနေတယ်လို့ ဖော်ပြလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး၊ သစ်တောပြုန်းတီးမှုနဲ့ မြေဆီလွှာထိန်းသိမ်းမှု အားနည်းချက်တို့ ကြောင့် တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘ၀ နိမ့်ကျနေတယ်လို့ သမ္မတဦးထင်ကျော်က ပြောလိုက်တာပါ။

မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ကို ပေးပို့တဲ့ သမတရဲ့ သ၀ဏ်လွှာမှာ လယ်ယာကဏ္ဍ ဖွဖြိုးတိုးတက်လာဖို့ မူဝါဒနဲ့ လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ချမှတ်လုပ်ဆောင်မှ တောင်သူတွေ လူမှုစီးပွားဘ၀ တိုးတက်မယ်လို့ ဆိုလိုက်ပါတယ်။

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက မြေသိမ်းယာသိမ်း ကိစ္စရပ်တွေကလည်း တောင်သူဘ၀နိမ့်ကျရတဲ့ထဲ ပါဝင်တယ်လို့ ပြောပါတယ်။

“စိုက်ပျိုးမြေတွေ သိမ်းဆည်းခံရတယ်၊တောင်သူလယ်သမားတွေ လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာတယ်။ ဒီလို ဆုံးရှုံးနစ်နာနေတဲ့အတွက် တဘက်မှာ တောင်သူလယ်သမားတွေရဲ့ စီးပွားရေးဘ၀ လူမှုရေး ဘ၀တွေ ဆုံးရှုံးသလို စိုက်ပျိုးထုတ်လုပ်မှုတွေလည်း ကျဆင်းသွားတယ်။ မြေယာသိမ်းဆည်းခံရတာနဲ့ ပတ်သက်လို့”
ဒါ့အပြင် စိုက်ပျိုးနည်းပညာပိုင်း ဓာတ်မြေသြဇာစတဲ့ သွင်းအားစု ပံ့ပိုးမှုပိုင်း အားနည်းချက်တွေ ရှိနေတယ်။


စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း စိုက်ပျိုးသူတွေလက်ထဲ အမှန်တယ်ရောက်ရှိအောင် ကြိုးပမ်း လုပ်ဆောင်ပေးဖို့လည်း လိုမယ်လို့ ပြောပါတယ်။

ဦးထင်ကျော်ရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာထဲမှာတော့ တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဟာ လယ်ယာလုပ်ငန်းဖြစ်ပြီး တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဘိုး(GDP) ရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013