DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား လက်နက်ကိုင်များ တဖွဲ့ချင်း နားလည်မှုအားကောင်းရန်လိုဟု ဒီပီအန်ပြော
DVB
·
March 2, 2017
တိုင်းရင်းသား လက်နက်ကိုင်များ တဖွဲ့ချင်း နားလည်မှုအားကောင်းရန်လိုဟု ဒီပီအန်ပြော
Donate to DVB

 

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းကိုသာ ရွေးချယ်ထားပြီး နိုင်ငံရေးအခြေအနေဟာ အရေးကြီးတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ တဖွဲ့ချင်းစီအကြား နားလည်မှုအားကောင်းဖို့ လိုတယ်လို့ ဒီပီအန်က ပြောကြားလိုက်ပါတယ်။

မတ်လ ၁ ရက်နေ့ နေပြည်တော်မှာရှိတဲ့ NRPC အဆောက်အအုံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“ကျနော်တို့ရဲ့ လက်ရှိ ဒီကနေ့ထိ ရက်တည်ချက်ကတော့ ကျနော်တို့ အန်စီအေ လမ်းကြောင်းပဲ။ ကျနော်တို့ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက်မချသရွေ့ ဒီအတိုင်းပါပဲ။ ဒါကို ကျနော်တို့ အဖွဲ့ဝင်တိုင်းက လိုက်နာရမယ့် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကျနော်တို့ ပါဝင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ပန်ဆန်းဆွေးနွေးပွဲကို ကျနော်တို့ မတက်ခဲ့လို့ အသေးစိတ်လည်း ဘာတွေဆွေးနွေးလို့ ဘယ်လို အခြေခံအကြောင်းတရားတွေ ထုတ်ပြန်ချက်တွေ ပေါ်လာသလဲဆိုတာ မသိတဲ့အတွက်ကြောင့်မို့ အခုနေအခါမှာ ကျနော် နားလည်တာကတော့ ကျနော်တို့ တဖွဲ့ချင်းစီကြားထဲမှာ နားလည်မှုအားကောင်းဖို့ လိုတယ်။ အခြေအနေက တော်တော်လေးကို အရေးကြီးတဲ့ အခြေအနေမှာရှိနေတဲ့အတွက် ကျနော်တို့ အသေးစိတ်မသိတဲ့ အရာတခုကိုတော့ ဒီလိုဖြစ်ပါတယ်လို့ ကျနော်တို့ အမြင်သဘောထားကို သုံးသပ်ပြလိုက်ရင်တော့ သိပ်တော့ သင့်လျော်တဲ့ အနေအထားတော့ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ ကျနော့်အနေနဲ့ သုံးသပ်ချက်တော့ မပေးချင်ပါဘူး” လို့ ဒီပီအန် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးဦးရယ်က ပြောပါတယ်။

ဒီပီအန် အဖွဲ့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ အန်စီအေ လမ်းကြောင်းက ဘယ်အပေါ်မှာ အခြေခံထားတဲ့ အဆိုပြုချက် ၈ ချက်ကို ညှိနှိုင်းဆွေးနွေးဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့လည်း ဒီအချက်တွေအပေါ် မှတ်ချက် တစုံတရာမပေးတဲ့အတွက် ဆွေးနွေးအဖြေရှာဖို့ သဘောတူတယ်လို့ ယူဆကြောင်း ပြောပါတယ်။

အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013