DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း ကြိုတင်မဲများ စတင်ကောက်ခံမည်
DVB
·
March 2, 2017
ရန်ကုန်တိုင်းအတွင်း ကြိုတင်မဲများ စတင်ကောက်ခံမည်
Donate to DVB

ရန်ကုန်တိုင်းအတွင်းက မဲဆန္ဒနယ်ပြင်ပရောက် အချုပ်သားတွေ၊  သင်တန်းသွားရောက် တက်နေရတဲ့ အစိုးရ၀န်ထမ်းတွေအတွက် ကြိုတင်မဲတွေကို မတ်လ ၃ ရက်ကနေ မတ်လ ၁၀ ရက်အတွင်း ကောက်ခံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

“သက်ဆိုင်ရာသင်တန်းကျောင်းတွေ၊ ထောင်တွေနဲ့ နီးစပ်ရာမြို့နယ်ကော်မရှင်တွေ ချိတ်ဆက် ဆောင်ရွက်နေပြီး ဘယ်နေ့ဘယ်ရက်တွေမှာ ကြိုတင်မဲပေးရမယ်ဆိုတာကို တာဝန်ရှိသူတွေက ညှိနှိုင်းသတ်မှတ်ပေးသွားမယ်။” လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရဲမြင့်က ဒီဗွီဘီကိုပြောပါတယ်။

မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေအတွက် ကြိုတင်မဲကောက်ခံတဲ့နေ့မှာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ၊ လေ့လာသူတွေကိုလည်း ဖိတ်ခေါ်ထားပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်မဲတောင်းခံထားသူ ၄၃၈ ဦးရှိပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်သူအရေအတွက်ကတော့ ၉ သိန်း ၉ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013