DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် တပ်မတော်က မီးရှို့ဖျက်ဆီး၊ အဓမ္မပြုကျင့်တာမရှိဟု ရှင်းလင်း (ရုပ်သံ)
DVB
·
March 1, 2017
ရခိုင်ပြည်နယ်တွင် တပ်မတော်က မီးရှို့ဖျက်ဆီး၊ အဓမ္မပြုကျင့်တာမရှိဟု ရှင်းလင်း (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ မရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ ပြည်ပက စွပ်စွဲပြောဆိုချက်တွေကို စစ်ဆေးကြည့်ပါတယ်။ ဒီလို စုံစမ်းစစ်ဆေးတဲ့ အခါမှာ လူမျိုးတုန်းအောင်သတ်ဖြတ်မှုတွေ မတွေ့သလို ဘာသာရေးအရ ချုပ်ချယ်မှုတွေ မရှိတာကိုလည်း ဒီဒေသမှာရှိနေတဲ့ ဘင်္ဂလီလူဦးရေတွေ၊ ရှိနေတဲ့ ဗလီဘာသာရေး အဆောက်အဦတွေ၊ မော်လ၀ီဦးရေတွေ တိုးတက်လာများပြာနေတာတွေက သက်သေအဖြစ်နဲ့ ပြနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အမျိုးသမီးတွေကို အဓ္ဓမပြုကျင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီသတင်းတွေဖြစ်ပေါ်နေတဲ့အတွက် အမျိုးသမီးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေး မေးမြန်း တဲ့အခါကျတော့လည်း ဒီနေ့ထိ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်နိုင်တဲ့ အထောက်အထား သက်သေတွေ မရရှိသေးပါဘူး။ နေအိမ်မီးရှို့မှုနဲ့ပတ်သက်ပြီးတော့လည်း တိကျတဲ့ သက်သေ အထောက်အထားရရှိဖို့အတွက်ကို ဆက်လက်စုံစမ်းမှုတွေ လုပ်နေတုန်းဖြစ်ပါတယ်။ ဥပဒေမဲ့ဖမ်းဆီမှု တွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေကိုလည်း ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နေပါတယ်။ သို့သော် တဖက်မှာ တွေ့နေတာက အခုလိုစွပ်စွဲချက်တွေပေါ့။”
“လက်ရှိမောင်တောဒေသရဲ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအခြေအနေကတော့ သတင်းပေး တယ်လို့ သံသယ ရှိတဲ့သူတွေကို ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတာကြောင့် တည်ငြိမ်အေးချမ်းရေးကတော့ စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ လက်ရှိ ရဲဆီက ယူသွားတဲ့ လက်နက် ၃၇ လက် ကျန်ပါသေးတယ်။ သူတို့ဆီမှာ လုပ်သေနတ်တွေ ရှိနေပါသေးတယ်။ ဒါတွေဟာ ဒေသခံတိုင်းရင်းသားတွေအတွက် အင်မတန် စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်နေ တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး ဒေသတွင်းမှာရှိတဲ့ ပြည်သူ လူထု အားလုံး စိတ်ချလုံခြုံစွာ သွားလာနေထိုင်ဖို့ အတွက် အချိန်ယူရမယ့် အနေအထားရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013