DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့နယ်တွင် နှစ် ၃၀ အတွင်း အပူချိန်တိုး၊ ပင်လယ်ဆားငန်ရေမြင့်တက်နိုင်
DVB
·
March 1, 2017
လပွတ္တာမြို့နယ်တွင် နှစ် ၃၀ အတွင်း အပူချိန်တိုး၊ ပင်လယ်ဆားငန်ရေမြင့်တက်နိုင်
Donate to DVB

 

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ထဲမှာ လာမယ့် နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ်တိုးလာနိုင်သလို ပင်လယ်ဆားငန်ရေတွေလည်း မြင့်တက်လာနိုင်တယ်လို့ မြန်မာ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာမိတ်အဖွဲ့  (MCCA)ရဲ့  လေ့လာတွေ့ရှိချက်မှာ ဖော်ပြပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊  Myanmar Climate Change Alliance (MCCA) အဖွဲ့၊ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF) နဲ့ ကိုလံဘီယာတက္ကသိုလ်တို့ ပူးပေါင်းပြီး လပွတ္တာမြို့နယ်ထဲမှာ ရာသီဥတုပြောင်းလဲခြင်း ကြောင့် ထိခိုက်ခံစားရနိုင်မှုတိုင်းတာ စစ်ဆေးပြီးနောက် ရလဒ်တွေကို ထုတ်ပြန်လိုက်တာပါ။

လပွတ္တာမြို့နယ်နဲ့ ၂၅ ကီလိုမီတာအတွင်းရှိ ရာသီဥတုပြောင်းလဲမှုတွေကို ခန့်မှန်းရာမှာ တစ်နှစ်အတွင်း အပူဆုံးနေ့တွေ ၁၇ ရက်ခန့်ရှိလာနိုင်ပြီး ၂၀၅၀ ခုနှစ်မှာ အပူချိန် ၂.၃ ဒီဂရီစင်တီဂရိတ်ခန့် တိုးမြင့်လာနိုင်ကြောင်း ခန့်မှန်းပါတယ်။

မိုးဥတုတိုတောင်းလာတာနဲ့အတူ မိုးရေချိန် ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သလို ၂၀၅၀ ခုနှစ်မှာ  ပင်လယ်ဆားငန်ရေ အမြင့် ၄၁ စင်တီမီတာသို့ မြင့်တတ်လာနိုင်ပြီး ပြင်းထန်ကျယ်ပြန့်တဲ့ ရေလွှမ်းမိုးမှုတွေနဲ့ ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒါ့အပြင် လပွတ္တာမြို့နယ်မှာ ၁၉၇၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဒီရေရောက်တောဧရိယာ ၆၄ ရာခိုင်နှုန်းကျော်ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် အကျိုးဆက်အနေဖြင့် ဒီရေတောပြုန်းတီးမှုတွေ ဖြစ်ပေါ် ခဲ့တယ်လို့လည်းဆိုပါတယ်။

လူနေအိမ်တွေနဲ့ အခြေခံအဆောက်အဦတွေဟာ ခံနိုင်ရည်မရှိတဲ့ ဒေသထွက် ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို  အများဆုံး အသုံးပြုထားပြီး အရေးပေါ်အခြေအနေ ကြုံတဲ့အခါ အသက်အန္တရာယ် ကာကွယ်ပေးမယ့် မုန်တိုင်းဒဏ်ခံ အဆောက်အဦတွေဟာလည်း  ဒေသခံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အကာအကွယ်ပေးနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့ကြောင့် မြို့နယ်မှ တာဝန်ရှိသူတွေနဲ့  ပြည်သူလူထုအနေနဲ့ ရာသီဥတုအခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့် လိုအပ်ချက်တွေကို ကိုယ်တိုင်စဉ်းစားပြီး အန်ဂျီအိုတွေ၊ အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆက်သွယ်အကူအညီတောင်းခံကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း ထား ပါတယ်။

လပွတ္တာမြို့ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်တောင်ပိုင်းမှာ တည်ရှိပြီး လူဦးရေ ၃ သိန်းကျော်လောက် အခြေချ နေထိုင်ကြပါတယ်။ ၂၀၀၈ ခုနှစ် က နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရတာကြောင့်  ကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013