DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းဖိုရမ် နေပြည်တော်တွင်ကျင်းပ
DVB
·
March 1, 2017
တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းဖိုရမ် နေပြည်တော်တွင်ကျင်းပ
1 / 4
Donate to DVB

တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးတက်မြင့်မားလာစေဖို့အတွက် ရည်ရွယ်ပြီး တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) မှာ ဒီကနေ့ကျင်းပပါတယ်။

၂ ရက်ကြာကျင်းပမယ့် ဖိုရမ်မှာဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က “နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လင်ချန်း-မဲခေါင်မြစ် တလျှောက် မြို့များရဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောက်ရွက်ရေး၊ မူဝါဒချမှတ်ရေးနဲ့ ခရီးသည်များ ဝင်ရောက်မှုနည်းလမ်းများ လွယ်ကူရေး၊ လုံခြုံမှုရှိစေရေး၊ ဈေးနှုန်းသက်သာသော လေကြောင်းလိုင်းများ ပိုမိုရင်းနှီးမြှုပ်နှံရေးတို့ကို ဆောင်ရွက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီဖိုရမ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး၊ တရုတ်အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ဒု ဥက္ကဋ္ဌ၊ ယူနမ်ပြည်နယ် ဒုအုပ်ချုပ်ရေးမှူးနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို ကူးသန်းသွားလာနိုင်တဲ့ နယ်စပ်ဝင်ထွက်ပေါက် ၆ ခုဖြစ်တဲ့ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနဲ့ မိုင်းလားတွေကနေ တရုတ်ခရီးသွားဧည့်သည်တွေ အများဆုံး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်က တရုတ်ခရီးသွားဧည့်သည် ၈၂၂၈၇၈ ဦး ဝင်ရောက်ခဲ့ပြီး အဲဒီနယ်စပ်ဂိတ်တွေကနေ ၆၇၄၉၀၁ ဦး ဝင်ရောက်ခဲ့ပါတယ်။  ၂၀၁၆ ခုနှစ်မှာတော့ ၄၉၈၆၅၆ ဦး ဝင်ရောက်ကာ နယ်စပ်ဂိတ်ကနေ ၃၁၄၇၇၀ ဦး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို လာရောက်နေတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေအထဲမှာ တရုတ်နိုင်ငံသားတွေက အရေအတွက် ဒုတိယ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013