DVB Logo
Home
မြန်မာသတင်း
အင်းလေးကန်ရေခမ်းခြောက်လာသဖြင့် ခရမ်းချဉ်သီးစိုက်ခင်းများပျက်စီး
DVB
·
March 1, 2017
အင်းလေးကန်ရေခမ်းခြောက်လာသဖြင့် ခရမ်းချဉ်သီးစိုက်ခင်းများပျက်စီး
Donate to DVB

ရှမ်းပြည်နယ်ရဲ့ အထင်ကရ အင်းလေးကန်ရေခမ်းခြောက်လာလို့ အင်းထဲမှာ စိုက်ပျိုးတဲ့ ခရမ်းချဉ်စိုက်ခင်းတွေ ပျက်စီးလာနေတယ်လို့ ညောင်ရွှေမြို့နယ် အင်းခရမ်းချဉ်သီးစိုက်ပျိုးသူများ ကပြောပါတယ်။

ဖေဖော်ဝါရီလကုန်းပိုင်းက စပြီး အင်းလေးကန်ထဲမှာ  ရေစတင်ခမ်းခြောက်လာပြီး လိုအပ်တဲ့ ရေအနက် ပမာဏ မရတဲ့အတွက် နွေရာသီတခုလုံးမှာ အင်းခရမ်းချဉ် စိုက်ပျိုးတာတွေ ရပ်နားထားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကနဲ့ နှိုင်း ယှဉ်ရင် လတ်တလော အင်းလေးကန်ထဲမှာ ရေက တစ်ပေခွဲလောက် ကျနေတာလည်းဖြစ်ပါတယ်။

ပုံမှန် နွေသီးမိုးသီး စိုက်ပျိုးလေ့ရှိပေမယ့် နွေရာသီရေခမ်းခြောက်လာတဲ့အချိန်က စပြီး မိုးရာသီ တစ်ကြိမ်သာ စိုက်ပျိုးတော့တာ ဖြစ်ပါတယ်။

အင်းခရမ်းချဉ်သီးတွေကို ရန်ကုန် သီရိမင်္ဂလာဈေးကနေတဆင့် မြန်မာတစ်ပြည်လုံးကို ဖြန့်ဖြူးပေးတာ ဖြစ်ပြီး အခုလို နွေရာသီမှာတော့ ရှမ်းပြည်နယ် ဒေသတွင်း စားသောက်ကုန်လောက်ပဲ  လုံလောက်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013