DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ၂၁ ပင်လုံ ကြိုဆိုထောက်ခံပွဲ ပြုလုပ်- သတင်းဓာတ်ပုံ
DVB
·
March 1, 2017
အင်းတော်တွင် ၂၁ ပင်လုံ ကြိုဆိုထောက်ခံပွဲ ပြုလုပ်- သတင်းဓာတ်ပုံ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းကသာခရိုင်၊ အင်းတော်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲကို  အင်အား ၆၀၀ ကျော်နဲ့  ဒီကနေ့မနက်ကမြို့တွင်းလှည့်လည်  ပြုလုပ်သွားပါတယ်။

ကြိုဆိုထောက်ခံပွဲမှာ ဦးဆောင်ပါဝင်သူ ဦးသန်းအောင်က “ ငြိမ်းချမ်းရေးဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ အစဉ်တည်ရှိနိုင်အောင်လုပ်ရတာဖြစ်ပါတယ်။ အခုလှည့်လည်ရာမှာ အင်အား ၆၀၀ ကျော် ၇၀၀ ခန့်တော့ရှိပါတယ်။ ကချင်ပါတယ်၊ ရှမ်းပါတယ်၊ ပြီးတော့ လားဟူးပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက်ကို တိုင်းရင်းသားအားလုံးက ပါဝင်မှသာ ငြိမ်းချမ်းရေးရမှာဖြစ်ပါတယ်”လို့ပြောပါတယ်။

ညီလာခံထောက်ခံတဲ့ မြို့ခံတဦးကလည်း  “၂၁ ရာစု ပင်လုံညီလာခံဟာဆိုရင် တတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တိုင်းရင်းသားတွေအတွက်လည်း ပါမယ်။ တပြည်လုံးက လူတန်းစားတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှေ့ဆက်သွားနိုင်မလမ်းစဉ်ကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ဒီငြိမ်းချမ်းရေး ညီလာခံထောက်ခံပွဲကို ကျနော်တို့ ပါဝင်ရခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။

၂၁ ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲကို မနက် ၉ နာရီလောက်ကတည်းက အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ကနေ စတင်ပြီး ပြည်ထောင်စုလမ်း၊ သာယာလမ်း၊ ဦးကျော်လမ်း၊ ပြည်ထောင်စုလမ်း၊ ကုန်သည်လမ်း၊ သာယာလမ်း၊ ပြည်ထောင်စုလမ်း က ပြန်လည်ထွက်ခွာပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ကို မနက် ၁၀ နာရီလောက်မှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်မှု ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013