DVB Logo
Home
မြန်မာသတင်း
ကွယ်ပျောက်မသွားရန် ရုန်းကန်နေရသည့် ဟားခါးက ချင်းရိုးရာ ရက်ကန်းလုပ်ငန်းများ (သတင်းဓာတ်ပုံ)
DVB
·
March 1, 2017
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ရိုးရာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ ၃၀၀ လောက်ရှိပြီး အရင်ကထက် တဖြည်းဖြည်း နည်းပါးလာနေပါတယ်။

ဒါ့ကြောင့် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးအချို့က ဦးဆောင်ပြီး ရိုးရာရက်ကန်းတွေ မကွယ်ပျောက်ဖို့ ချင်းရက်ကန်းသည်များအသင်းကို ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေတယ်လို့ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတည်ထောင်သူ မအန်းနာဗျက်ထားမွေးက ဒီဗွီဘီကို ပြောပါတယ်။

”လောလောဆယ်မှာ ရိုးရာရက်ကန်းလုပ်ငန်းက ကုန်ကြမ်းဈေးမြင့်တက်နေလို့ သိပ်အဆင်မပြေကြဘူး။ ကုန်ကြမ်းကလည်း အိန္ဒိယကပဲ အဓိကဝင်တယ်။ ရိုးရာထည်တထည်ကို ၁ လကနေ ၃ လထိကြာတတ်တယ်။ ကျမတို့ကတော့ ရိုးရာလည်းမပျောက်အောင် ရိုးရာကိုအခြေခံပြီး ဒီဇိုင်းအသစ် ထွင်တာတွေလည်း လုပ်နေတယ်။ တကယ်က ရိုးရာထည်မှာ သူ့မျိုးနွယ်စုအလိုက် အဓိပ္ပာယ်တွေ ရှိတယ်။ အဓိက ရိုးရာထည်တွေဈေးကြီးတယ်ဆိုတဲ့အကြောင်းက ကုန်ကြမ်းဈေးကြီးတာရယ်၊ အချိန်ပေးရတာရယ်ကြောင့်ပဲ။ ဒါပေမယ့် တကယ်တမ်းပြောရရင် ရက်ကန်းသည်တွေအတွက် ရသင့်ရထိုက်သလောက်တောင် မရဘူးလို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။

ရိုးရာရက်ကန်းလုပ်ငန်းကို အမျိုးသမီးတွေသာလုပ်ကိုင်ကြပြီး အများဆုံးက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအရွယ်တွေသာ များနေတာပါ။ လူငယ်တွေကတော့ စိတ်ဝင်စားမှုနည်းပါးလာတာကြောင့် အခုလို ရက်ကန်းသည်များအသင်းကို ဖွဲ့စည်းဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဟားခါးမြို့မှာ ရိုးရာထည်ရောင်းတဲ့ဆိုင် ၃၀ ဝန်းကျင်ရှိပြီး ဈေးအနည်းဆုံး ၇၀၀၀ ကျပ်ကနေ ရိုးရာထည်အစစ်ဆိုရင် ကျပ်သိန်း ၆၀ ဝန်းကျင်ထိရှိတယ်လို့ ရိုးရာအထည်ရောင်းသူတဦးက ပြောပါတယ်။

ရိုးရာအထည်တွေကို ချင်းလူမျိုးတွေက အများဆုံးဝယ်ယူကြသလို နိုင်ငံခြားရောက်ချင်းလူမျိုး တွေကလည်း မှာယူတာတွေရှိပါတယ်။

မိုးရာသီကလွဲရင် ကျန်တဲ့အချိန်တွေမှာရောင်းအားကောင်းပြီး ဖေဖော်ဝါရီလကတော့ ရောင်းအား အကောင်းဆုံးဖြစ်တယ်လို့ ချင်းရိုးရာထည်ရောင်းသူ ဒေါ်အေးနူးက ပြောပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013