DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ရာ ဘုရားပွဲ ဘုရားဖူးသူများနှင့်စည်းကား- သတင်းဓာတ်ပုံ
DVB
·
March 1, 2017
မန်းရွှေစက်တော်ရာ ဘုရားပွဲ ဘုရားဖူးသူများနှင့်စည်းကား- သတင်းဓာတ်ပုံ
1 / 6
Donate to DVB

မန်းရွှေစက်တော်ရာဘုရားပွဲကို နှစ်စဉ်တပိုတွဲလဆန်း ၅ ရက်ကနေ သင်္ကြန်နှစ်ဆန်း ၁ ရက်အထိကျင်းပနေရာမှာ မြန်မာပြည်ဒေသအနှံ့က လာရောက်ကြတဲ့ ဘုရားလာဖူးသူတွေနဲ့ စည်းကားနေကြတာပါ။

မန်းရွှေစက်တော်ကို ပုသိမ်-မုံရွာကားလမ်းမကနေ နွေမိုးဆောင်းသွားလမ်းနဲ့ နွေရာသီသွားလမ်းတွေအတိုင်း စက်တော်ရာ တည်ရှိရာကို ၅ မိုင်ကျော် လောက်သွားရပါတယ်။

မန်းစက်တော်ရာမှာ ဈေးဆိုင်တန်းတွေ တည်းခိုဆောင်တွေနဲ့ ဘုရားပွဲကို အမှီပြုလုပ်ကိုင်စားသောက်နေကြတဲ့  လူဦးရေ သောင်းဂဏန်းကျော်ရှိပါတယ် ။

မြန်မာပြည် အနယ်နယ်အရပ် ရပ်က ဘုရားဖူးတွေ နှစ်စဉ်သိန်းချီပြီး လာရောက်ဖူးမျှော်နေကြတာပါ။

တည်းခိုဆောင် တဲလုံးချင်း တခန်းကို ၂၄ နာရီ အတွက် ၂၀၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်လောက်နဲ့ ငှားပြီး တည်းခိုနေနိုင်ကြပါတယ်။

ဈေးဆိုင်တန်းတွေနဲ့ ဆိုင်ခန်းတွေကိုတော့ နှစ်စဉ်သတ်မှတ်ဈေးတွေနဲ့ မဲစနစ် ချထားကြပါတယ်။ ဈေးဆိုင်ခန်း တွေကတော့ ဘုရားပွဲ တရာသီ ၁၅၀၀၀ ကျပ်ကနေ့ ၁၀၀၀၀၀ ကျော် အထိနဲ့ တည်းခိုဆောင်အတွက်ကတော့ ၁၀ လုံး တခန်းစာကို ကျပ်သိန်း ၅၀ ကျော်လောက် ကျတယ်လို့ သိရပါတယ်။

လာရောက် လည်ပတ်တဲ့ဘုရားဖူးတွေကတော့ အောက်စက်တော်ရာ အထက်စက်တော်ရာ ခြေတော်ရာတွေကို ဖူးမျှော်တာတွေ့နဲ့ နေ့လယ် မန်းချောင်းထဲမှ ရေကစားတာတွေကိုပါ တပျော်တပါး ဆင်နွှဲနိုင်ကြပါတယ်။

အထက်စက်တော်ရာကို ကားနဲ့ လူတဦး ၃၀၀ ကျပ်နဲ့လည်းတက်ရောက်ဖူးမျှော်နိုင်ကြပြီး ခြေလျင်လည်း စောင်းတန်းအတိုင်း လှေခါးထစ်ပေါင်း ၇၂၀ ကျော်ကို တက်ရောက် ဖူးမျှော်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013