DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံး သမိုင်းပြတိုက် တည်ဆောက်ရန် လွှတ်တော်သို့ အဆိုမူကြမ်းတင်သွင်းထား
DVB
·
March 1, 2017
ရှစ်လေးလုံး သမိုင်းပြတိုက် တည်ဆောက်ရန် လွှတ်တော်သို့ အဆိုမူကြမ်းတင်သွင်းထား
Donate to DVB

 

ရှစ်လေးလုံး သမိုင်းပြတိုက် တည်ဆောက်ဖို့ရာအတွက် လွှတ်တော်မှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက အဆိုမူကြမ်းတရပ် တင်သွင်းထားပြီးဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

“၁၉၆၂ ခုနှစ်က ဖြိုခွင်းခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်ဖို့ အတွက်ကို ကျနော်တို့ ရှစ်လေးလုံးအဖွဲ့တွေရော လက်ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ အဖွဲ့ရော ညှိနှိုင်းနေတာ အကုန်သိကြမှာပါ။ ကျောင်းသားသမဂ္ဂကို ဘယ်နေရာမှာ ဆောက်မယ်။ ဘယ်ပုံစံနဲ့ ဆောက်မယ်။ ဘယ်လို နိုင်ငံရေးအဓိပ္ပာယ်တွေ ဖော်ညွှန်းမလဲ။ ကျောင်းသားသမဂ္ဂတွေက အဲဒီမှာ ကျောင်းသားရေးရာ အမျိုးသားရေးရာ နိုင်ငံရေးရာ စီမံခန့်ခွဲနိုင်ဖို့ လုပ်သွားမှာ ဖြစ်ပါတယ်”လို့ သူရဦးအောင်ကိုက ပြောပါတယ်။

အဆိုမူကြမ်းကိုတော့ လွှတ်တော်မှာ ပြည်တွင်းနိုင်ငံရေး အခြေအနေအပေါ် မူတည်ပြီး ခွင့်ပြုသွားမယ်လို့လည်း မျှော်လင့်ကြောင်း၊ အဲဒီလို ဆောက်လုပ်ဖို့အတွက် ၈၈ မျိုးဆက်အဖွဲ့က အကူညီတောင်းခံခဲ့ပြီး အချက်အလက်တွေလည်း ရရှိထားပြီးဖြစ်တယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။

ဆောက်လုပ်ဖို့ရာ နေရာကိုတော့ ရန်ကုန်မြို့မှာ သတ်မှတ်ထားပြီးတော့ အဲဒီလို ဆောက်လုပ်ရင်လည်း ပြည်သူလူထုရဲ့ ထည့်ဝင်ငွေနဲ့ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013