DVB Logo
Home
မြန်မာသတင်း
ထီတစောင် ၅၀၀ ကျပ်ထက် ပိုရောင်းလျှင် အရေးယူမည်
DVB
·
March 1, 2017
ထီတစောင် ၅၀၀ ကျပ်ထက် ပိုရောင်းလျှင် အရေးယူမည်
Donate to DVB

ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်တွေကို ကျပ် ၅၀၀နဲ့ ဒီကနေ့ စတင်ရောင်းချမှာဖြစ်ပြီး ကျပ် ၅၀၀ ထက် ပိုရောင်းရင် ပိုရောင်းတဲ့ ထီကိုယ်စားလှယ်ကို အမည်ပျက်စာရင်းသွင်းပြီး အရေးယူမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။

အောင်ဘာလေဌာနခွဲနဲ့ ထီအရောင်းကိုယ်စားလှယ်တို့ ချုပ်ဆိုထားတဲ့ ပဋိညာဉ်စာချုပ်အရ အမည်ပျက်စာရင်း သတ်မှတ်မယ့်အပြင် လစဉ် ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းမယ်၊ ထီအရောင်းကိုယ်စားလှယ်က ဌာနကို ပေးသွင်းထားတဲ့ အာမခံငွေတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထီထိုးသူတွေအနေနဲ့ ထီတစောင် ကျပ် ၅၀၀ ထက် ပိုရောင်းတဲ့သူတွေတွေ့ရင် မြို့နယ်အခွန်ဦးစီးရုံးတွေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်) ၀၆၇-၄၃၀၀၀၅၊ အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ၀၁-၂၄၉၂၇၃၊ အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) ၀၂-၃၅၉၁၃ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြပါတယ်။

အောင်ဘာလေဌာနခွဲဟာ ကျပ် ၅၀၀ တန် ထီလက်မှတ်တွေကို တပြည်လုံးရှိ အရောင်းကိုယ်စားလှယ် ၂၃၀၀ ကျော်ထံ ထီအုပ်ပေါင်း ၂၈၈၆၉၉၉ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၁၇၅၆၉၈၉ စောင် ဖြန့်ဝေပေးပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အခုစတင်ရောင်းချတဲ့ ကျပ် ၅၀၀ တန် ထီမှာ အက္ခရာအလုံး ၃၀ ပါဝင်ပြီး အမြင့်ဆုံးထီဆု ကျပ်သိန်း ၁၀၀၀၀ ဖြစ်ပါတယ်။

အောင်ဘာလေထီနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ မကြာသေးခင်က ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်တချို့က ထီထိုးတဲ့အခါ သတ်မှတ်ဈေးအတိုင်း ဝယ်လို့မရတဲ့အပေါ် ကံစမ်းတာလား ဉာဏ်စမ်းတာလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

၁၉၃၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ အောင်ဘာလေထီကနေ အစိုးရက အခွန် ၃၁ ရာခိုင်နှုန်းပဲ ရတယ်လို့ ပြည်သူ့လွှတ်တော်မှာ ဘဏ္ဍာအခွန်ဌာနက မကြာသေးခင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013