DVB Logo
Home
မြန်မာသတင်း
စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်တို့မှာ တနေ့တည်း မီးလောင်မှု ၄ ကြိမ်ဖြစ်
DVB
·
February 28, 2017
စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်တို့မှာ တနေ့တည်း မီးလောင်မှု ၄ ကြိမ်ဖြစ်
Donate to DVB

 

ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းက စစ်တွေ ဒါးပိုင်ရွာ၊ ဘူးသီးတောင် မီးကျောင်းခေါင်းဆွဲရွာ၊ မောင်တော ဖားဝပ်ချောင်းရွာနှင့် လေးမိုင်ရပ်ကွက်တို့တွင် မီးလောင်မှု ၄ မှု ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဖားဝပ်ချောင်းရွာဟောင်းမှ အန်တာဟူဆောင်းနေအိမ်မှာ ညနေ ၃း၀၀ နာရီအချိန်က ထမင်းချက်ရာမှ ၀ါးထရံသို့ ကူးစက်လောင်ကျွမ်းတဲ့အတွက် ဓနိမိုး၊ ဝါးထရံကာ ပျဉ်ခင်းနေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မောင်တောမြို့၊ လေးမိုင်ရပ်ကွက်မှာရှိတဲ့ ထီးတစ်ရာကျောင်းတိုက် (နတ်စေတောင်ကျောင်းမှာ) ကျောင်းထိုင်ဆရာတော် ဦးတေဇောသာရက ဘုရားစင်မှာ မီးပူဇော်ရာကတဆင့် ကြမ်းပြင်ကို ကူးစက်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း ကျောင်းဆောင်တဆောင် မီးလောင်ကျွမ်းခဲ့ပါတယ်။

ညနေ ၅း၅၀ အချိန်တွင် စစ်တွေမြို့၊ ဘုမေအုပ်စု၊ ဒါးပိုင်ရွာမှ အာမက်ဒူဆောင်းရဲ့ နေအိမ်မှာ ထမင်းချက်ရာမှ ၀ါးထရံသို့ ကူးစက်လောင်ကျွမ်းတဲ့အတွက် စစ်တွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးတို့နှင့် သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး နေအိမ် ၃ လုံးနဲ့ ကြက်ခြံ ၁ ခြံ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေ ဒါးပိုင်မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ၁၈ ဦးရှိကြောင်း မီးသတ်ဦးစီးဌာနက သိရှိရပါတယ်။

ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းခေါင်းဆွဲရွာသစ်၊ ၁၃ ရပ်ကွက်က ဆာဘီယာရဲ့နေအိမ်မှာ ထမင်းချက်ထားခဲ့ရာက ညနေ ၇း၅၀ အချိန်မှာ ဝါးထရံကို မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် ဓနိမိုး၊ ဝါးကာ၊ ဝါးခင်းနေအိမ်တလုံး မီးသင့်ခဲ့ရကြောင်း သိရှိရပါတယ်။

မီးလောင်မှု ၄ မှုစလုံးဟာ ပေါ့ဆမီးဖြစ်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြည်နယ်မီးသတ်ဦးစီးဌာနက သိရှိရပါတယ်။

သတင်း ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013