DVB Logo
Home
မြန်မာသတင်း
သမဂ္ဂအဆောက်အအုံဆောက်မည့်ကိစ္စ အစိုးရကစွက်ဖက်လွှမ်းမိုးချုပ်ကိုင်မည်မဟုတ်ဟု ကတိပေး
DVB
·
February 28, 2017
သမဂ္ဂအဆောက်အအုံဆောက်မည့်ကိစ္စ အစိုးရကစွက်ဖက်လွှမ်းမိုးချုပ်ကိုင်မည်မဟုတ်ဟု ကတိပေး
Donate to DVB

 

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အအုံ ပြန်ဆောက်မယ့် ကိစ္စ အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက် လွှမ်းမိုးချုပ်ကိုင်သွားမှာမဟုတ်ဘဲ အဆောက်အအုံ အောင်မြင်အောင် စာရွက်စာတမ်း ကိစ္စကိုပဲ ကူညီပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ရန်ကုန်တက္ကသိုလ်  အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကို ဒီကနေ့ မနက် ၁၀ နာရီကနေ ညနေထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်နေရာမှာ အစည်းအဝေး တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောသွားတာပါ။

တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းဖို့ ကြိုးစားခဲ့တာကို ကျောင်းသားတချို့က ကန့်ကွက်ခဲ့တာကြောင့် ဒီကနေ့မှ ဖြစ်မြောက်ရေးကော်မတီကို ကျောင်းသားမျိုးဆက်တွေ အားလုံးရဲ့ တင်ပြချက် ဆွေးနွေးမှုတွေနဲ့ အတူ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့  ဦးမြအေးက ပြောပါတယ်။

ရန်ကုန်မြို့ စည်ပင်သာယာရေးရဲ့ ခွင့်ပြုချက်နဲ့ သမဂ္ဂအဆောက်အအုံ ရင်ပြင်ထဲမှာ ကော်မတီ မဖွဲ့စည်းခင် ဆောက်လုပ်ခဲ့တဲ့ ယာယီ ရှင်းလင်းအဆောင်ကိုလည်း ဖြစ်မြောက်ရေးကော်မတီ တရားဝင် ဖွဲ့စည်းပြီးမှ ကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီဖွဲ့စည်းရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ကော်မတီဖွဲ့စည်းရေး အစည်းအဝေးပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့နဲ့ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013