DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များ အခွန်ပေးဆောင်ရန် အခွန်ဦးစီးဌာန ထုတ်ပြန်
DVB
·
February 28, 2017
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များ အခွန်ပေးဆောင်ရန် အခွန်ဦးစီးဌာန ထုတ်ပြန်
Donate to DVB

 

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မင်းသားနဲ့ မင်းသမီးတွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ပေးဆောင်ဖို့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ကြေညာချက်ထုတ် ပြန် လိုက်ပါတယ်။

ရန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံ ပြည်တွင်းအခွန်ဦးစီးဌာနက တာဝန်ကျေပွန်စွာ အခွန်ပေးဆောင်ခဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မင်းသားနဲ့ မင်းသမီးတွေအနေနဲ့ ပြေတီဦး၊ နေတိုး၊ ခန့်စည်သူ၊  စိုင်းစိုင်းခမ်းလှိုင်၊ ရန်အောင်၊ အရိုင်း၊ ဇေရဲထက်၊ နေမျိုးအောင်၊ နေမင်း၊ နေထူးနိုင်၊ ဦးဝင်းမြိုင်၊ ဖွေးဖွေး၊ ခိုင်သင်းကြည်၊ ချစ်သုဝေ၊ သက်မွန်မြင့်၊ ချစ်စနိုးဦး၊ မေသန်းနု၊ ၀ါဝါအောင်၊ ဂွမ်းပုံကြီး စတဲ့  အနုပညာရှင် ၁၉ ဦးဟာ  ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျသင့်တဲ့အခွန် ပေးဆောင်ခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပေးဆောင်ရမယ့် အခွန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ပြေတီဦး၊ နေတိုး၊ ခန့်စည်သူ၊ ဖွေးဖွေး တို့ နာမည်ကြီးသရုပ်ဆောင် ၄ ဦးက  ကျပ်ငွေ ၂၀၀၀၀၀၁ သိန်း ကနေ ၅၀၀၀၀၀၀ သိန်းအတွင်း ပေးဆောင်ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇေရဲထက်ကတော့ ၁၀၀၀၀၀၁ သိန်းကနေ ၂၀၀၀၀၀၀ အတွင်း ဒုတိယအများဆုံး အခွန်ပေးဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၃ သိန်းကျော်ကနေ ၁၀ သိန်းအထိ ၅ ဦး၊  ၁ သိန်းကျော်ကနေ ၃ သိန်းအထိနဲ့ ၁ သိန်းအောက် အခွန်ပေးဆောင်ခဲ့တဲ့ အနုပညာရှင် ၃ ဦးကတော့ ဂွမ်းပုံကြီး၊ အရိုင်းနဲ့ ဦးဝင်းမြိုင်တို့ ဖြစ်ကြပါတယ်။

အခွန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ အနုပညာရှင်တွေဟာ အခုလာမယ့် ဧပြီ ၁ ရက်နေ့  ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ကုန်မှာ အပြီးပေးဆောင်ရမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013