DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးနိုင်ရန် မဲရုံပြင်စရိတ် တိုးမြှင့်
DVB
·
February 28, 2017
ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးနိုင်ရန် မဲရုံပြင်စရိတ် တိုးမြှင့်
Donate to DVB

 

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ မဲပေးနိုင်ဖို့အတွက် မဲရုံတွေ ပြင်ဆင်တာ ကို ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ တိုးမြှင့်ပေးထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လှိုင်သာယာ၊ ကြည့်မြင်တိုင် ကော့မှူး၊ မုံရွာနဲ့ ထန်တလန်မြို့နယ်တွေမှာ မသန်စွမ်းသူများအကျုံးဝင်မဲရုံတွေပေါ်ပေါက်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ လူဦးရေ ၂.၃ သန်းခန့်ရှိပြီး အဲဒီထဲက ၁၅ သိန်းဟာ အသက် ၁၈ နှစ်အထက် မဲပေးနိုင်ခွင့်ရှိသူတွေလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013